


Credit ;Swelsone News

ချစ်ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင် ‌တစ်ယောက်ဖြစ်တဲ့သရုပ်ဆောင် မင်းသားချောလေးဇေရဲထက်ကတော့ အနုပညာအလုပ်တွေကို ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားရုန်းကန်ခဲ့လို့ ဒီနေ့လိုအချိန်မှာ အရမ်းအောင်မြင်နေတာဖြစ်ပါတယ်။ဇေရဲထက်က ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့ပြီး အနုပညာလောကမှာရပ်တည်ခဲ့တာဖြစ် ပါတယ်နော်။‌မင်းသားချောလေးဇေရဲထက်က ပွင့်လင်းရိုးသားပြီး မာန်မာနမကြီးတတ်ဘဲ လူတိုင်းအပေါ်ဖော်ရွေစွာဆက်ဆံတတ်ပါတယ်။

မင်းသားဇေရဲထက်ရဲ့ ရိုးရိုးသားသားစိတ်ဓာတ်လေးကြောင့် လူတိုင်းကချစ်ခင်ကြပြီး သူ့ရဲ့လှုပ်ရှားမှု တိုင်းကိုလည်း စောင့်ကြည့်ကာ တစိုက်မက်မက်အားပေးနေကြတာဖြစ်ပါတယ်။ဇေရဲထက်က တတ်နိုင်သလောက်လည်း လှူဒါန်းပေးကမ်းပြီး အဘွားဖြစ်သူကိုလည်း တင့်တောင်းတင့်တယ်ထားပေးတာဖြစ်ပါတယ်နော်။ဇေရဲထက်က အခုလတ်တလောမှာဆိုရင်တော့ အထက်မြန်မာပြည်ကိုရောက်ရှိနေတာဖြစ်လို့ သူ့ရဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့ဆုံပြီး ပြီးခဲ့တဲ့မွေးနေ့ပွဲလေးကို ကျင်းပခဲ့တာဖြစ်ပ ါတယ်။

ဇေရဲထက်အတွက် ချစ်သူ၊ခင်သူတွေကလည်း မွေးနေ့ပွဲလေးကို လူနည်းနည်းနဲ့ ခမ်းခမ်းနား နားကျင်းပပေးခဲ့ပြီး Surprise‌တွေလည်း လုပ်ခဲ့ကြတာဖြစ်ပါတယ်။ဇေရဲထက်ကတော့ ရွှေလက်ကောက်၊ရွှေဆွဲကြိုးအပြင် CHANEL၊ck၊LV စတဲ့ သိန်းချီတန်သောတန်ဖိုးကြီးပစ္စည်းတွေကိုလည်း လက်ဆောင်ရခဲ့တာဖြစ်ပါတယ်နော်။ချစ်သူခင်သူတွေပေါလွန်းလို့ ပျော်ရွှင်မှုအစစ်အမှန်တွေနဲ့သာကြုံတွေ့ခဲ့ရပြီး မွေးနေ့ပွဲလေးမှာ အရမ်းပျော်ရွှင်နေတဲ့ ဇေရဲထက်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်…။

Credit ;Swelsone News