ခ်စ္ပရိသတ္ႀကီးေရ ပရိသတ္ေတြ ဆယ္စုနွစ္တစ္စုေက်ာ္တိုင္ အားေပးခဲ့ရတဲ့ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္ ကလက္ရိွအခ်ိန္ထိလည္း ေအာင္ျမင္မႈအေပါင္း သရဖူေဆာင္းထားနိုင္သူေလး ျဖစ္ပါတယ္။ လက္ရိွ အသက္ (၃၃) နွစ္အရြယ္ေရာက္ေနျပီျဖစ္တဲ့ သင္ဇာဝင့္ေက်ာ္က အိမ္ေထာင္ျပဳသင့္တဲ့အရြယ္ကို ေရာက္ရိွေနျပီဆိုေပမယ့္ အလုပ္ေတြအေပၚကိုသာ အာရံုစိုက္ေနျပီး တစ္ကိုယ္တည္း အပ်ိဳၾကီးအျဖစ္ ရိွေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ သင္ဇာ့ကို ခ်စ္သူရည္းစားမရိွတဲ့ Single ေလးတစ္ေယာက္လိုပဲ ျမင္ခ်င္ၾကတာျဖစ္ျပီး သင္ဇာကလည္း သူမပရိသတ္ေတြရဲ့ စိတ္ဆႏၵအတိုင္း ေနထုိင္သူေလး ျဖစ္ပါတယ္။

အျမဲတမ္းလိုလို ခပ္ေဟာ့ေဟာ့ပံုစံနဲ့ လြတ္လပ္စြာေနတတ္တဲ့ သင္ဇာဝင့္ေက်ာ္က စိတ္လြတ္ကိုယ္လြတ္ေနတတ္တယ္ဆိုေပမယ့္ ဘာသာေရးကိုေတာ့ အထူးျပဳလုပ္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ မေန့က ဇန္နဝါရီလ (၁) ရက္ေန့မွာလည္း သင္ဇာဝင့္ေက်ာ္က ေမွာ္ဘီျမိဳ့ ေအာင္ဇမၺဴေတာရေက်ာင္းတိုက္မွာ (၃၀၁) ဆူေသာ ေရွးေဟာင္းရုပ္ပြားေတာ္ေတြနဲ့ ေအာင္ဇမၺဴေတာရဆရာေတာ္ၾကီးကို ဦးထိပ္ထားျပီး သာသနာပြဲ ကပ္လွဴပူေဇာ္ကာ နွစ္သစ္အစကို က်က္သေရမဂၤလာအျဖာျဖာနဲ့ ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ မင္းသမီး သင္ဇာဝင့္ေက်ာ္ကေတာ့ သူမရဲ့ နွစ္သစ္အစကုိ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ရင္း ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ သင္ဇာတစ္ေယာက္ နွစ္သစ္မွာ အလုပ္အကိုင္ေတြလည္း အဆင္ေျပျပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာရိွပါေစလို့ ဆႏၵျပဳလုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ဗေနာ္…။

Source: Thin Zar Wint Kyaw’s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ ပရိသတ်တွေ ဆယ်စုနှစ်တစ်စုကျော်တိုင် အားပေးခဲ့ရတဲ့ သရုပ်ဆောင်မင်းသမီးချောလေး သင်ဇာဝင့်ကျော် ကလက်ရှိအချိန်ထိလည်း အောင်မြင်မှုအပေါင်း သရဖူဆောင်းထားနိုင်သူလေး ဖြစ်ပါတယ်။ လက်ရှိ အသက် (၃၃) နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်က အိမ်ထောင်ပြုသင့်တဲ့အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် အလုပ်တွေအပေါ်ကိုသာ အာရုံစိုက်နေပြီး တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သင်ဇာ့ကို ချစ်သူရည်းစားမရှိတဲ့ Single လေးတစ်ယောက်လိုပဲ မြင်ချင်ကြတာဖြစ်ပြီး သင်ဇာကလည်း သူမပရိသတ်တွေရဲ့ စိတ်ဆန္ဒအတိုင်း နေထိုင်သူလေး ဖြစ်ပါတယ်။

အမြဲတမ်းလိုလို ခပ်ဟော့ဟော့ပုံစံနဲ့ လွတ်လပ်စွာနေတတ်တဲ့ သင်ဇာဝင့်ကျော်က စိတ်လွတ်ကိုယ်လွတ်နေတတ်တယ်ဆိုပေမယ့် ဘာသာရေးကိုတော့ အထူးပြုလုပ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၁) ရက်နေ့မှာလည်း သင်ဇာဝင့်ကျော်က မှော်ဘီမြို့ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ (၃၀၁) ဆူသော ရှေးဟောင်းရုပ်ပွားတော်တွေနဲ့ အောင်ဇမ္ဗူတောရဆရာတော်ကြီးကို ဦးထိပ်ထားပြီး သာသနာပွဲ ကပ်လှူပူဇော်ကာ နှစ်သစ်အစကို ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ နှစ်သစ်အစကို ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ သင်ဇာတစ်ယောက် နှစ်သစ်မှာ အလုပ်အကိုင်တွေလည်း အဆင်ပြေပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗနော်…။

Source: Thin Zar Wint Kyaw’s fb
Credit – Cele Connections