Source: Nansu Yati Soe
ချစ်လှစွာသောပရိတ်သတ်ကြီးရေ အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုး ကတော့ သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးပြီး သီဆိုလေ့ရှိတတ်သူလေး ဖြစ်တဲအပြင် မြန်မာဇာတ်လမ်း တွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ ရှိတာကြောင့် ပရိသတ်နဲ့ ရင်းနှီးလွန်းသူလေး ဖြစ်ပါတယ်။အဆိုတော် နန်းဆုကတော့ အရင်က အဆိုတော်ချစ်သူနဲ့ အချစ်သီချင်းတွေကို တွဲဖက်ညီစွာ သီဆိုခဲ့တာကြောင့် ခုချိန်ထိလည်း ချစ်သူတွေကြားမှာ ရေပန်းစားနေဆဲ သီချင်းတွေကို သီဆိုခဲ့ကြပြီး SHOW ပွဲတွေမှာလည်း လူငယ်တွေရဲ့ အားပေးမှုကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်နော်..။
မကြာသေးခင်ကာလမှာတော့ အဆိုတော်သရုပ်ဆောင် နန်းဆု ကချစ်သူနဲ့ အခန့်မသင့်လို့ လမ်းခွဲခဲ့ကြပေမဲ့ ဒီနေ့မှာတော့ နန်းဆုက “ အေးစက်တဲ့လေပြေတွေတိုက်ခတ်ပြီးရင် နွေဦးရောက်လာမှာပါ…လှပတဲ့ပန်းလေးတွေ ထပ်ပွင့်လာမှာပါ… ငါ့နှလုံးသားဟာ တစ်ဖန်ပြန်နွေးထွေးပြီးပန်းတွေ ဖူးပွင့်လာမှာပါ ” ဟုဆိုတဲ့ စာသားလေး ကိုလည်း ရေးသားထားပြီး ဆယ်ကျော်သက်လေး တစ်ယောက်လို နုပျိုလန်းဆန်းနေတဲ့အလှတရားတွေနဲ့ အမိုက်စားဓာတ်ပုံတွေကို တင်ပြီး အသိပေးလာတာ ဖြစ်ပါတယ်..။
သရုပ်ဆောင်မင်းသမီး နန်းဆုရဲ့ ပုံတွေအောက်မှာလည်း အချစ်ဟောင်းနဲ့ ပြန်အဆင်ပြေတော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေကိုလည်း ပရိသတ်က မေးထားပြီး ပြန်လည်ပေါင်းစည်းဖို့လည်း တိုက်တွန်းထားကြပါသေးတယ်။ချစ်ပရိသတ်ကြီးလည်း နန်းဆုတို့အတွက် ဖြစ်စေချင်တဲ့ ဆန္ဒလေးတစ်ခုခုကို ပြောခဲ့ပေးပါအုံးနော်။ဖတ်ရှူ့ပေးကြတဲ့ ချစ်
ပရိတ်သတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Crd: Celebrity Secret