



Credit

ပရိသတ်ကြီးရေ.. ပြည်သူတစ်ရပ်လုံးကြိုးစားလုပ်ဆောင်နေကြတဲ့ တော်လှန်းရေးတိုက်ပွဲကြီးကတော့ တစ်စတစ်စအရှိန်မြှင့်တက်လာသလို ဖြိုခွင်းမှုတွေကြောင့်လည်း လက်ရှိအခြေအနေတွေမှာ အသက်ဆုံးရှုံးမှုတွေအများအပြားရှိလာခဲ့ပြီ ဖြစ်ပါတယ်..။ြ ပည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း တက်အားသရွေ့ အစွမ်းကုန် ပူပေါင်းပါဝင်ပြီးကြိုးစားတိုက်ပွဲဝင်နေကြသလို သရုပ်ဆောင်မင်းမော်ကွန်းကလည်း လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါ ဝင်နေတာလည်း တွေ့ရပါတယ်..။

မင်းမော်ကွန်းကတော့ ကိုယ်တိုင်လည်း လှုပ်ရှားမှုတွေမှာပါဝင်သလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေပြီး ဖြိုခွင်းမှုတွေကြောင့် ထိခိုက်နစ်နာသူတွေကိုလည်း စာနာနားလည်မှုလေးတွေနဲ့အတူ ဖေးမကူညီမှုလေးတွေကိုလည်း ပြုလုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းက လူထုလှုပ်ရှားမှုမှာ အများပြည်သူအတွက်ရှေ့ဆုံးကနေဒိုင်းကာ ကာကွယ်ရင်း အသက်ပေးကျဆုံးသွားရှာတဲ့ သူရဲကောင်းလေးချစ်မင်းသူရဲ့နာရေးကို ကိုယ်တိုင်သွားရောက်ဖေးမခဲ့တဲ့အပြင် ကျန်ရစ်သူမိသားစုရဲ့ ကြေကွဲစို့နစ်စရာရင်ဖွင့် စကားလေးကို စိတ်မကောင်းစွာ ပြန်လည်ပြောပြလာပါတယ်..။

“သတ္တိကောင်းလိုက်တာညီလေးရေသူ့လိုသတ္တိမျိုး ကျွန်တော်လည်းရှိ ချင်လိုက်တာသူ့ရဲ့ဒိုင်းလေးနဲ့အများကိုကာကွယ်ရင်းစွန့်လွှတ်အနစ်နာခံသွားရှာတာပထမတစ်ချက်ဗိုက်ကိုထိတယ်မသေသေးလို့နားထင်ကိုထပ်ပစ်တာတဲ့လေသူ့အမျိုးသမီးကပြောတယ်သူ့အတွက်အားလုံးဂုဏ်ယူနေပေမယ့်ကျွန်မအတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့ယောက်ကျားကောင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရတာပါတဲ့..” ဆိုပြီး မင်းမော်ကွန်းက စိတ်မကောင်းစွာနဲ့ ပြန်လည် ပြောပြထားတာပါ..။ကျန်ရစ်သူမိသားစုတွေရဲ့ ကြွေကွဲစွာရင်ဖွင့်လာတဲ့ ဝမ်းနည်း စရာစကားလေးကြောင့် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ကာ မှတ်ချက်လေးတွေပေးပြောထားကြပါတယ်နော်..။

Credit