ခ်စ္ပရိသတ္ႀကီးေရ နိုင္ငံေက်ာ္ သရုပ္ေဆာင္၊ အဆိုေတာ္ ဆုပန္ထြာရဲ့ အမ်ိဳးသား ကိုဥကၠာေက်ာ္ကေတာ့ အနုပညာမ်ိဳးရိုးမရိွတဲ့ သာမာန္လူတစ္ေယာက္ျဖစ္ေပမယ့္ ဒါရိုက္တာ လူမင္းရိုက္ကူးတဲ့ ေအာင္ဆန္းရုပ္ရွင္မွာ ပါဝင္သရုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ ကိုဥကၠာေက်ာ္က ေအာင္ဆန္းရုပ္ရွင္မွာ အေရးပါတဲ့ ဇာတ္ေကာင္ျဖစ္တဲ့ ဂဋဳန္ဦးေစာေနရာမွာ ပါဝင္သရုပ္ေဆာင္ျပီး တစ္ေထာင့္တစ္ေနရာကေန ပါဝင္ကူညီေပးခဲ့တာပဲ ျဖစ္ပါတယ္။ ေအာင္ဆန္းရုပ္ရွင္ဇာတ္ကားက ျပီးခဲ့တဲ့ (၂၀၂၀) ခုနွစ္ ဒီဇင္ဘာလမွာ ရိုက္ကူးျခင္းလုပ္ငန္းစဥ္မ်ားအားလံုးျပီးဆံုးသြားခဲ့ျပီး ပရိသတ္ေတြဆီခ်ျပနိုင္ဖို့ ျပင္ဆင္ေနၾကျပီပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ကိုဥကၠာေက်ာ္က ဂဋဳန္ဦးေစာေနရာမွာ ပါဝင္သရုပ္ေဆာင္ျပီး ရရိွခဲ့တဲ့ အနုပညာေၾကး (၂၅)သိန္းကို ေအာင္ဆန္းရုပ္ရွင္ ထုတ္လုပ္ျပသေရးအတြက္ လွဴဒါန္းခဲ့ေၾကာင္းကို “ေအာင္ဆန္း႐ုပ္ရွင္တြင္ ဂဋဳန္ဦးေစာ ေနရာ၌ပါဝင္သရုပ္ေဆာင္သည့္အတြက္ လုပ္ငန္းေကာ္မတီမွ ခ်ီးျမႇင့္ေသာ အႏုပညာေၾကး ေငြက်ပ္ ၂၅၀၀၀၀၀ိ/- (က်ပ္ႏွစ္ဆယ့္ငါးသိန္းတိတိ) ကို ကၽြန္ေတာ္ ဥိးဥကၠာေက်ာ္မွ ေအာင္ဆန္းရုပ္ရွင္ ရိုက္ကူး၊ ထုတ္လုပ္၊ ျပသေရးအတြက္ ျပန္လည္လႈဒါန္းခဲ့ပါတယ္။” ဆိုျပီး အမ်ားသူငါ သာဓုေခၚဆိုနိုင္ဖို့ သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။

ကိုဥကၠာေက်ာ္ကေတာ့ အနုပညာရွင္တစ္ေယာက္မဟုတ္ေပမယ့္ ခ်စ္ဇနီးဆုပန္ထြာရဲ့ ပ့ံပိုးေပးမႈနဲ့ ဒါရိုက္တာလူမင္းရဲ့ သင္ၾကားျပသေပးမႈေၾကာင့္ အခုလို သမိုင္းဝင္ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါဝင္ခြင့္ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေအာင္ဆန္းရုပ္ရွင္ကို ေမွ်ာ္လင့္ေနၾကျပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Okkar Kyaw i’s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ နိုင်ငံကျော် သရုပ်ဆောင်၊ အဆိုတော် ဆုပန်ထွာရဲ့ အမျိုးသား ကိုဥက္ကာကျော်ကတော့ အနုပညာမျိုးရိုးမရှိတဲ့ သာမာန်လူတစ်ယောက်ဖြစ်ပေမယ့် ဒါရိုက်တာ လူမင်းရိုက်ကူးတဲ့ အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုဥက္ကာကျော်က အောင်ဆန်းရုပ်ရှင်မှာ အရေးပါတဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဂဋုန်ဦးစောနေရာမှာ ပါဝင်သရုပ်ဆောင်ပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ အောင်ဆန်းရုပ်ရှင်ဇာတ်ကားက ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် ဒီဇင်ဘာလမှာ ရိုက်ကူးခြင်းလုပ်ငန်းစဉ်များအားလုံးပြီးဆုံးသွားခဲ့ပြီး ပရိသတ်တွေဆီချပြနိုင်ဖို့ ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကိုဥက္ကာကျော်က ဂဋုန်ဦးစောနေရာမှာ ပါဝင်သရုပ်ဆောင်ပြီး ရရှိခဲ့တဲ့ အနုပညာကြေး (၂၅)သိန်းကို အောင်ဆန်းရုပ်ရှင် ထုတ်လုပ်ပြသရေးအတွက် လှူဒါန်းခဲ့ကြောင်းကို “အောင်ဆန်းရုပ်ရှင်တွင် ဂဋုန်ဦးစော နေရာ၌ပါဝင်သရုပ်ဆောင်သည့်အတွက် လုပ်ငန်းကော်မတီမှ ချီးမြှင့်သော အနုပညာကြေး ငွေကျပ် ၂၅၀၀၀၀၀ိ/- (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ) ကို ကျွန်တော် ဥိးဥက္ကာကျော်မှ အောင်ဆန်းရုပ်ရှင် ရိုက်ကူး၊ ထုတ်လုပ်၊ ပြသရေးအတွက် ပြန်လည်လှုဒါန်းခဲ့ပါတယ်။” ဆိုပြီး အများသူငါ သာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

ကိုဥက္ကာကျော်ကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ချစ်ဇနီးဆုပန်ထွာရဲ့ ပ့ံပိုးပေးမှုနဲ့ ဒါရိုက်တာလူမင်းရဲ့ သင်ကြားပြသပေးမှုကြောင့် အခုလို သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်ဆန်းရုပ်ရှင်ကို မျှော်လင့်နေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Okkar Kyaw i’s fb
Credit – Cele Connections