ခ်စ္ပရိသတ္ႀကီးေရ Myanmar Idol Season (4) ရဲ့ 1st Runner Up ဆုရွင္တစ္ေယာက္ျဖစ္တဲ့ ေအးျမျဖဴကေတာ့ ကေလးဘဝကတည္းက အနုပညာနဲ့ မစိမ္းသူတစ္ေယာက္ျဖစ္ျပီး ဆိုကေရးတီးျပိဳင္ပြဲေတြနဲ့ ရုပ္ရွင္ ဗီဒီယိုဇာတ္ကားေတြမွာ အနုပညာလႈပ္ရွားမႈေတြရိွခဲ့တာပဲ ျဖစ္ပါတယ္။ တကၠသိုလ္ဝင္တန္းစာေမးပြဲျပီးတဲ့ေနာက္ အနုပညာေလာကထဲကို ဒုတိယအၾကိမ္ေျမာက္ ျပန္လည္ဝင္ေရာက္လာခ်ိန္မွာလည္း ပရိသတ္ေတြရဲ့ အားေပးမႈကို တစ္ခဲနက္ျပန္လည္ရရိွခဲ့ျပီး ေအာင္ျမင္မႈ အထိုက္အေလ်ာက္ရရိွခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ အခုဆိုရင္ အနုပညာလႈပ္ရွားမႈေတြကို ဆက္တိုက္လုပ္ကိုင္လာတဲ့ ေအးျမျဖဴက ဒီေန့မွာလည္း သူမရဲ့ BRAND NEW LOVE ဆိုတဲ့ သီခ်င္းေလးကို ခ်ျပလာပါတယ္။

ေအးျမျဖဴရဲ့ BRAND NEW LOVE သီခ်င္းက V7Entertainment မွစီစဥ္တင္ဆက္တဲ့ Music Series ေလးတစ္ခုျဖစ္ျပီး နိုင္ငံေက်ာ္ အကယ္ဒမီ သ႐ုပ္ေဆာင္ မင္းသား ေနတိုးနဲ့ အတူတူတြဲဖက္သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ Music Series ရဲ့ ပထမဦးဆံုးအပုဒ္ျဖစ္တဲ့ BRAND NEW LOVE သီခ်င္းေလးကို တင္ဆက္ေပးလာျပီး သီခ်င္းေလးက ခ်စ္စရာေကာင္းသလို ေနတိုးနဲ့ ေအးျမျဖဴတို့ရဲ့ သရုပ္ေဆာင္မႈေတြကလည္း အရမ္းကို ၾကည္နူးစရာေကာင္းတာမို့ ပရိသတ္ၾကီးအတြက္ ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္ေနာ္။

ေအးျမျဖဴနဲ့ ေနတိုးတို့ သရုပ္ေဆာင္ထားတဲ့ BRAND NEW LOVE သီခ်င္း MV ေလးကေတာ့ အခ်စ္၊ ရင္ခုန္မႈမွာ အသက္အရြယ္နဲ့ လံုးဝမဆိုင္ေၾကာင္း ခ်စ္စရာေကာင္းစြာေတြ့ရတာပဲ ျဖစ္ပါတယ္။ Music Series မွာ ေနာက္ထပ္ သီခ်င္း (၂) ပုဒ္တင္ဆက္ဖို့ ရိွေသးတာမို့ ပရိသတ္ၾကီးက ဆက္ဆက္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: V7 Entertainment ‘s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ Myanmar Idol Season (4) ရဲ့ 1st Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ ကလေးဘဝကတည်းက အနုပညာနဲ့ မစိမ်းသူတစ်ယောက်ဖြစ်ပြီး ဆိုကရေးတီးပြိုင်ပွဲတွေနဲ့ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေမှာ အနုပညာလှုပ်ရှားမှုတွေရှိခဲ့တာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးတဲ့နောက် အနုပညာလောကထဲကို ဒုတိယအကြိမ်မြောက် ပြန်လည်ဝင်ရောက်လာချိန်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ပြန်လည်ရရှိခဲ့ပြီး အောင်မြင်မှု အထိုက်အလျောက်ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်လာတဲ့ အေးမြဖြူက ဒီနေ့မှာလည်း သူမရဲ့ BRAND NEW LOVE ဆိုတဲ့ သီချင်းလေးကို ချပြလာပါတယ်။

အေးမြဖြူရဲ့ BRAND NEW LOVE သီချင်းက V7Entertainment မှစီစဉ်တင်ဆက်တဲ့ Music Series လေးတစ်ခုဖြစ်ပြီး နိုင်ငံကျော် အကယ်ဒမီ သရုပ်ဆောင် မင်းသား နေတိုးနဲ့ အတူတူတွဲဖက်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Music Series ရဲ့ ပထမဦးဆုံးအပုဒ်ဖြစ်တဲ့ BRAND NEW LOVE သီချင်းလေးကို တင်ဆက်ပေးလာပြီး သီချင်းလေးက ချစ်စရာကောင်းသလို နေတိုးနဲ့ အေးမြဖြူတို့ရဲ့ သရုပ်ဆောင်မှုတွေကလည်း အရမ်းကို ကြည်နူးစရာကောင်းတာမို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

အေးမြဖြူနဲ့ နေတိုးတို့ သရုပ်ဆောင်ထားတဲ့ BRAND NEW LOVE သီချင်း MV လေးကတော့ အချစ်၊ ရင်ခုန်မှုမှာ အသက်အရွယ်နဲ့ လုံးဝမဆိုင်ကြောင်း ချစ်စရာကောင်းစွာတွေ့ရတာပဲ ဖြစ်ပါတယ်။ Music Series မှာ နောက်ထပ် သီချင်း (၂) ပုဒ်တင်ဆက်ဖို့ ရှိသေးတာမို့ ပရိသတ်ကြီးက ဆက်ဆက်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: V7 Entertainment ‘s fb
Credit – Cele Connections