ချစ်ပရိသတ်ကြီးရေ နာမည်ကြီး မင်းသားနဲ့ မင်းသမီးဖြစ်ကြတဲ့ ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ကတော့ အားပေးသူပရိသတ် အခိုင်အမာနဲ့ အောင်မြင်မှုအသီးသီးရရှိနေကြသူများ ဖြစ်ပါတယ်။ ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့က “မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲတို့မှာ အတွဲညီညီ သရုပ်ဆောင်ဖူးကြသလို ကြော်ငြာတွေတော်တော်များများမှာလည်း ဆုံဖူးကြတာမို့ ပရိသတ်က တွဲမြင်ကြတဲ့ အနုပညာရှင်နှစ်ယောက်ဆိုလည်း မမှားပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့အပြင် အသက်အရွယ်ချင်းလည်းတူတဲ့ ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ကတော့ အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ပြောမနာ ဆိုမနာ ခင်မင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း ပိုင်ဖြိုးသုက သူ့ရဲ့ခင်မင်ရတဲ့သူငယ်ချင်းဒေါင်းကို စနောက်ကျီစယ်လာတာကို တွေ့ရပါတယ်။ ပိုင်ဖြိုးသုက နှစ်သစ်လက်ဆောင်မွန်အဖြစ် စားသောက်ဖွယ်ရာများနဲ့ သူ့ရဲ့အမှတ်တရပြက္ခဒိန်လေးကို လက်ဆောင်ပို့ပေးတဲ့ သူငယ်ချင်းဒေါင်းကို “ဟဲ့….ငါ့ကိုကျွေးတာဟုတ်ဟုတ်မဟုတ်ဟုတ်…ငါ့ယောကျင်္ားဆီပို့တဲ့မုန့်ငါ့မုန့်ပဲ…ဟွင်း…ဟွင်း…ဟွင်း 😋😋😋” ဆိုပြီး ဒေါင်းကို စနောက်ခဲ့သလို သူငယ်ချင်းအကြောင်းသိတဲ့ ဒေါင်းကလည်း “နင်ပဲစားမှာသိနေတယ်လေ ဟဲဟဲ😁😁😁” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ပိုင်ဖြိုးသုကတော့ အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်ဖြစ်ပေမယ့် ကလေးလေးတစ်ယောက်လို ချွဲနွဲ့တတ်တာကို သူငယ်ချင်းဒေါင်းက သိပြီးသားဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ရဲ့ အပြန်အလှန် သံယောဇဉ်ကို ကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
Source: Paing Phyoe Thu’s fb
Credit – Cele Connections