Source ; မမဆောင်း Facebook Page
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာ ရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း ဟာဆိုရင် ဟန်ဆောင်မှုမရှိပဲ ပွင့်လင်းရိုးသားတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် အနုပညာလောကမှာ ပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ စိတ်ထားဖြူစင်လွန်းတဲ့ မမဆောင်းက လတ်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ပြည်သူတွေကို သူမတတ်နိုင်သလောက် အလှူအတန်းတွေကို မကြာခဏဆိုသလို ပြုလုပ်လှူဒါန်းပြီး အားလုံးနဲ့အတူရပ် တည်ပေးခဲ့တာကိုလည်း မြင်တွေ့ရပါတယ်..။
သဒ္ဒါတရားထက်သန်လွန်းပြီး ကိုယ်ချင်းစာစိတ်အပြည့်နဲ့ လက်လုပ်လက်စားပြည်သူတွေကို အမြဲလှူဒါန်းနေတဲ့မမဆောင်းကို ကြည့်ပြီး ပရိတ်သတ်တွေကလည်း ကျေနပ်ပီတိကဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင်လည်း မမဆောင်းက သူမရဲ့ We Love တွေနဲ့စုပေါင်းပြီး မြောက်ဥက္ကလာမှ စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြတဲ့ အိမ်ခြေ (၁၀၀) အတွက်လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေနဲ့ အလှူငွေများကိုကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်..။
လေတွေတိုက် မိုးတွေရွာနေတာကိုတောင်မမှုပဲ ပြည်သူတွေကိုလှူချင်တန်းချင်စိတ်အပြည့်ရှိတဲ့ မမဆောင်းရဲ့ဖြူစင်တဲ့စိတ်ထားလေးကို တကယ်ကိုချီးကျူးမိပါတယ်။ မမဆောင်း ကိုချစ်တဲ့ပရိတ်သတ်တွေကလည်း မမဆောင်ရဲ့အလှူလေးကို သာဓုအကြိမ်ကြိမ်ခေါ်ဆိုနေကြတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ အလှူအတန်း ရက်ရောလွန်းတဲ့ မမဆောင်း နောင်လည်းဒီထက်မကလှူဒါန်းနိုင်ပြီး အောင်မြင်မှုတွေကိုလည်း ဒီထက်မကရရှိနိုင်ပါစေလို့ဆုတောင်းရင်း မမဆောင်ရဲ့လှူဒါန်းမှု ဗီဒီယိုလေးကို အခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်
နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; Celebrity Platforms