


Source ; Nay Toe 2021 Officially FB Page

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင် မင်းသားတစ်လက်ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် နေတိုးဟာဆိုရင် ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရမင်းသားတစ်လက်ဖြစ်တာကြောင့် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ ခဲ့တာပဲဖြစ်ပါတယ်။ လတ်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း မတရားမှုကိုတော်လှန်ဖို့အတွက် လမ်းပေါ်ထွက်ပြီးပြည် သူတွေနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့အနုပညာရှင်တွေထဲမှာ နေတိုးဟာဆိုရင်တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်..။

မင်းသားချောနေတိုးက ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ပေးခဲ့ပေမယ့်လည်း လူတစ်ချို့ရဲ့ဝေဖန်မှုတွေကို လည်းခံနေရပါသေးတယ် ပရိတ်သတ်ကြီးရေ။ လက်ရှိမှာဆိုရင်မှာဆိုရင်လည်း နေတိုးရဲ့ Blue Mark ရရှိထားတဲ့ဖေ့စ်ဘုတ်အကောင့်ကပျက်သွားတာကြောင့် Page အသစ်တစ်ခုဖွင့်ပြီး အသုံးပြုနေတာပဲ ဖြစ်ပါတယ်။အကယ်ဒမီ နေတိုးကဝေဖန်မှုတွေကိုခံနေရပေမယ့်လည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြီး ပြည်သူလူထုတွေကို အားပေး စကားပြောခဲ့တာကိုလည်းတွေ့မြင့်ခဲ့ရပါသေးတယ်..။

ဒီကနေ့မှာဆိုရင်လည်းနေတိုးက ပရိတ်သတ်ကြီးကို အကြံပေးစကားတစ်ခုပြောလာ ခဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒါကတော့ “ ခွဲခြားနေသမျှ ကွဲပြားနေဦးမှာပါပဲ မကွဲပြားချင်ရင်မခွဲခြားဖို့က အရေးကြီးတယ်ပေါ့ အားလုံးသွားရမယ့်လမ်း အတူတူပါပဲ NT… ” ဟုဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသား လာခဲ့တာ ပဲဖြစ်ပါတယ်။ နေတိုးခုလိုရေးသားခဲ့တဲ့အပေါ် ပရိတ်သတ်တွေရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအုံးနော်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့
နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Celebrity Platforms