မဂၤလာပါပရိတ္သတ္ႀကီးေရ အနုပညာရွင္စံုတြဲေတြထဲမွာ နာမည္အၾကီးဆံုးနဲ႔ အခ်စ္တတ္ဆံုး စံုတြဲေတြထဲက တစ္တြဲျဖစ္တဲ့ အဆိုေတာ္ ေရႊထူးနဲ႔ ေရႊမႈံရတီတို႔ ဇနီးေမာင္နွံကေတာ့ စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာ တရားေတြအျပည့္နဲ႔ သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကို နွစ္ကိုယ္တူ ပံုေဖာ္ထားၾကတာပဲ ျဖစ္ပါတယ္။ အိမ္ေထာင္သက္ (၂) နွစ္ေက်ာ္လာခဲ့ျပီျဖစ္တဲ့ ေရႊထူးနဲ့ ေရႊမႈံရတီက အခ်ိန္ေတြၾကာလာတာနဲ့အမွ် သံေယာဇဥ္ေနွာင္ၾကိဳးေတြလည္း အထပ္ထပ္ ခ်ည္ေနွာင္ထားသလို တစ္ေယာက္နဲ့ တစ္ေယာက္လည္း မ်က္စိေအာက္က အေပ်ာက္မခံနုိင္ေအာင္ ခ်စ္ၾကတာပဲ ျဖစ္ပါတယ္..။

အဆိုေတာ္ ေရႊထူးကေတာ့ တစ္နုိင္ငံလံုးက သည္းသည္းလႈပ္ခ်စ္ၾကတဲ့ ထိပ္တန္းနာမည္ၾကီး မင္းသမီးကို ဇနီးသည္အျဖစ္ ပိုင္ဆိုင္ခြင့္ရခဲ့တာမို့ ခ်စ္ဇနီးရဲ့ အလွအပနဲ့ ပက္သတ္ျပီး အျမဲတမ္း ဂုဏ္ယူတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ေခါက္မွာေတာ့ ေရႊထူးက နုနုနယ္နယ္ေလးလို့ ပရိသတ္ေတြထင္ထားၾကတဲ့ ေရႊမႈံရတီက ေနအိမ္မွာေတာ့ ေယာက်ာ္းနဲ့ ရင္ေဘာင္တန္းျပီး လက္ေဝွ့ထိုးပညာကို ၾကိဳးစားပန္းစားသင္ယူေနတဲ့ က်ားက်ားယားယားပံုရိပ္ကို အခုလိုပဲ ျပသလာပါတယ္..။

အဆိုေတာ္ ေရႊထူးကေတာ့ ေၾကြရုပ္ေလးတစ္ရုပ္လို ထိရက္စရာမရိွေအာင္လွတဲ့ ေရႊမႈံရတီရဲ့ ပရိသတ္ေတြ မထင္မွတ္ထားေလာက္မယ့္ တကယ့္က်ားက်ားယားယား လက္ေဝွ့ထိုးေနတဲ့ ပံုရိပ္ကို ခ်ျပလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း နုနုနယ္နယ္ေလးလို့ထင္ရတဲ့ ေရႊမႈံရတီရဲ့ ပံုရိပ္ကိုၾကည့္ျပီး အံ့ၾသေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source: Htoo Khant’s fb

မင်္ဂလာပါပရိတ်သတ်ကြီးရေ အနုပညာရှင်စုံတွဲတွေထဲမှာ နာမည်အကြီးဆုံးနဲ့ အချစ်တတ်ဆုံး စုံတွဲတွေထဲက တစ်တွဲဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ တရားတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို နှစ်ကိုယ်တူ ပုံဖော်ထားကြတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သက် (၂) နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အချိန်တွေကြာလာတာနဲ့အမျှ သံယောဇဉ်နှောင်ကြိုးတွေလည်း အထပ်ထပ် ချည်နှောင်ထားသလို တစ်ယောက်နဲ့ တစ်ယောက်လည်း မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ကြတာပဲ ဖြစ်ပါတယ်..။

အဆိုတော် ရွှေထူးကတော့ တစ်နိုင်ငံလုံးက သည်းသည်းလှုပ်ချစ်ကြတဲ့ ထိပ်တန်းနာမည်ကြီး မင်းသမီးကို ဇနီးသည်အဖြစ် ပိုင်ဆိုင်ခွင့်ရခဲ့တာမို့ ချစ်ဇနီးရဲ့ အလှအပနဲ့ ပက်သတ်ပြီး အမြဲတမ်း ဂုဏ်ယူတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ရွှေထူးက နုနုနယ်နယ်လေးလို့ ပရိသတ်တွေထင်ထားကြတဲ့ ရွှေမှုံရတီက နေအိမ်မှာတော့ ယောကျာ်းနဲ့ ရင်ဘောင်တန်းပြီး လက်ဝှေ့ထိုးပညာကို ကြိုးစားပန်းစားသင်ယူနေတဲ့ ကျားကျားယားယားပုံရိပ်ကို အခုလိုပဲ ပြသလာပါတယ်..။

အဆိုတော် ရွှေထူးကတော့ ကြွေရုပ်လေးတစ်ရုပ်လို ထိရက်စရာမရှိအောင်လှတဲ့ ရွှေမှုံရတီရဲ့ ပရိသတ်တွေ မထင်မှတ်ထားလောက်မယ့် တကယ့်ကျားကျားယားယား လက်ဝှေ့ထိုးနေတဲ့ ပုံရိပ်ကို ချပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နုနုနယ်နယ်လေးလို့ထင်ရတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်ကိုကြည့်ပြီး အံ့သြနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections