မဂၤလာပါ ပရိသတ္ႀကီးေရ နိုင္ငံတကာရဲ့စိတ္၀င္စားမႈကိုလည္း ခံေနရ တဲ့ျမန္မာနိုင္ငံ ရဲ့ လူထုလႈပ္ရွားမႈႀကီးဟာ ဆိုရင္ ဒီေန႔မွာ (၂၇)ရက္ေျမာက္ေန႔ကိုေရာက္ရွိေနၿပီပဲျဖစ္ပါတယ္ေနာ္…..။ ေဖေဖာ္ဝါရီလ ၁ရက္ေန႔တည္းကစတင္ကာ ျမန္မာနိုင္ငံအတြင္းမွာျဖစ္ေပၚလာတဲ့ မတည္ၿငိမ္တဲ့အေျခအေနေတြ ေၾကာင့္ ျပည္သူလူထုအေနနဲ႔ တတ္နိုင္တဲ့ ဘက္ကေန ပါ၀င္ေနၾကသလို အႏုပညာရွင္ေတြကလည္း ျပည္သူတစ္‌ရပ္အေနနဲ႔ ပါ၀င္အားျဖည့္ေနၾကတာကို ေတြ႕ရ ပါတယ္။

အခုလိုျပည္သူတစ္ေယာက္အေန နဲ႔ တာ၀န္ေက်ပြန္ကာ ပါ၀င္ေနတဲ့အႏုပညာရွင္ေတြထဲမွာ ဆိုရင္ နန္းဆုရတီစိုးလည္း အပါအ၀င္ျဖစ္ပါတယ္။ နန္းဆုဟာ တတ္နိုင္တဲ့ဘက္ကေန လူထုလႈပ္ရွားမႈ‌ေတြမွာကိုယ္တိုင္ကိုယ္က်ပါ၀င္ေနကာ လႉဒါန္းမႈေတြကိုလည္း ဆက္တိုက္လုပ္ေဆာင္ေန တာလည္း ေတြ႕ရပါတယ္ေနာ္…..။

ျမန္မာနိုင္ငံ့အႏွံ့အျပားမွာ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈႀကီးရဲ့ အေျခအေနအရပ္ရပ္ကို မွတ္တမ္ းတင္ေနၾကတဲ့ သတင္းမီဒီယာမ်ားစြာရွိတာကိုလည္း ပရိသတ္ေတြအေနနဲ႔ေတြ႕ျမင္ၾကမယ္ထင္ပါတယ္။ အခုလိုမ်ိဳးအခက္အခဲေတြၾကားကေန သတင္းရယူေပးေနတဲ့ မီဒီယာသမားေတြ အတြက္ နန္းဆုဟာ ေဘးအႏၲရာယ္ကင္းရွင္းေစဖို႔အတြက္ ဆုေတာင္းေပးေနတာလည္းျဖစ္ၿပီး သူမရဲ့ Facebookစာမ်က္ႏွာမွာလည္း “သတင္းမီဒီယာဆရာ ဆရာမမ်ား အႏၲရယ္ေဘးကင္းပါေစရွင္….” ဆိုၿပီးတင္ေပးထားခဲ့တာပါ။ ကဲ…..ပရိသတ္ႀကီးအတြက္ ျပန္လည္မၽွေဝေပး လိုက္ပါတယ္ေနာ္…။

Photo credit-​ Nansu Yati Soe’s Facebook acc
Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုကိုလည်း ခံနေရ တဲ့မြန်မာနိုင်ငံ ရဲ့ လူထုလှုပ်ရှားမှုကြီးဟာ ဆိုရင် ဒီနေ့မှာ (၂၇)ရက်မြောက်နေ့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်နော်…..။ ဖေဖော်ဝါရီလ ၁ရက်နေ့တည်းကစတင်ကာ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်လာတဲ့ မတည်ငြိမ်တဲ့အခြေအနေတွေ ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်နေကြသလို အနုပညာရှင်တွေကလည်း ပြည်သူတစ်‌ရပ်အနေနဲ့ ပါဝင်အားဖြည့်နေကြတာကို တွေ့ရ ပါတယ်။

အခုလိုပြည်သူတစ်ယောက်အနေ နဲ့ တာဝန်ကျေပွန်ကာ ပါဝင်နေတဲ့အနုပညာရှင်တွေထဲမှာ ဆိုရင် နန်းဆုရတီစိုးလည်း အပါအဝင်ဖြစ်ပါတယ်။ နန်းဆုဟာ တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှု‌တွေမှာကိုယ်တိုင်ကိုယ်ကျပါဝင်နေကာ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေ တာလည်း တွေ့ရပါတယ်နော်…..။

မြန်မာနိုင်ငံ့အနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုကြီးရဲ့ အခြေအနေအရပ်ရပ်ကို မှတ်တမ် းတင်နေကြတဲ့ သတင်းမီဒီယာများစွာရှိတာကိုလည်း ပရိသတ်တွေအနေနဲ့တွေ့မြင်ကြမယ်ထင်ပါတယ်။ အခုလိုမျိုးအခက်အခဲတွေကြားကနေ သတင်းရယူပေးနေတဲ့ မီဒီယာသမားတွေ အတွက် နန်းဆုဟာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် ဆုတောင်းပေးနေတာလည်းဖြစ်ပြီး သူမရဲ့ Facebookစာမျက်နှာမှာလည်း “သတင်းမီဒီယာဆရာ ဆရာမများ အန္တရယ်ဘေးကင်းပါစေရှင်….” ဆိုပြီးတင်ပေးထားခဲ့တာပါ။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်…။

Photo credit-​ Nansu Yati Soe’s Facebook acc
Credit