သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ကေတာ့ ျပည္ပနိုင္ငံတြင္ ေနထိုင္ေပမယ့္လည္း ျမန္မာနိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ အေရးနဲ႔ပတ္သက္ၿပီးေတာ့ သူ႔ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွ တစ္ဆင့္ Speak out လုပ္ေပးေနတာလည္း ျဖစ္ပါတယ္။ သူေနထိုင္ရာ နယူးေယာက္ၿမိဳ႕တြင္ ျပဳလုပ္တဲ့ ျမန္မာနိုင္ငံအေရးအတြက္ ဆႏၵထုတ္ေဖာ္ပြဲမွာလည္း တတ္နိုင္တဲ့ အခန္းက႑ကေန ပါဝင္ေဆာင္ရြက္ခဲ့သူလည္း ျဖစ္ပါတယ္။ ျပည္သူေတြဘက္ကေန အခိုင္အမာရပ္တည္ေပးေနသူျဖစ္တာေၾကာင့္ အားလုံးက ခ်ီးက်ဴးေနၾကတာပါ။

ျမန္မာနိုင္ငံတြင္ ျဖစ္ေနတဲ့ အေျခအေနမ်ားကိုလည္း သူ႔ရဲ့လူမႈကြန္ယက္မ်ားမွတစ္ဆင့္ ေဝမၽွေပးေနတာကိုလည္း ျမင္ေတြ႕ၾကရမွာပါ။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ဥကၠာမင္းေမာင္ရဲ့ Facebook အေကာင့္တြင္ ျပည္ပမွာေနေပမယ့္လည္းျ ပည္သူေတြဘက္မွအခိုင္အမာ ရပ္တည္ကာ ပံ့ပိုးကူညီသြားမယ့္အေၾကာင္း အသိေပးေရးသားလာတာပဲ ျဖစ္ပါတယ္။ လက္ရွိအေျခအေနမွာ က်န္းမာေရးမေကာင္းေပမယ့္လည္း တတ္နိုင္သေလာက္ အလႉေငြထည့္ခ်င္တာေၾကာင့္ အလုပ္ခ်ိန္ပိုလုပ္ျဖစ္ေနေၾကာင္းကိုလည္း ေျပာျပထားတာပါ။

” အစာအိမ္ျပန္ေရာင္ေနတာ ေနလို႔သိပ္မေကာင္း… အလုပ္ခ်ိန္ကလည္း တစ္ပတ္ နာရီ ၅၀ ေလာက္ျဖစ္ေနတာ..အိမ္ျပန္ေရာက္တာနဲ႔ ပင္ပန္းၿပီး ဖတ္ဖတ္ကိုေမာ ဘာမွ မလုပ္ခ်င္မကိုင္ခ်င္.. ကိုယ္ေရွ႕ဆက္မယ့္ plan ေတြအတြက္အျပင္ လႉခ်င္တဲ့အတြက္ေၾကာင့္လည္း အလုပ္ခ်ိန္ပိုလုပ္ေနပါတယ္.. ကိုယ့္ဝင္ေငြထဲ မၽွၿပီးေတာ့ ေနရာစုံ လိုက္လႉေနပါတယ္.. အေဝးကေန ကိုယ္တတ္နိုင္တဲ့ဘက္က အသက္ရွင္ေနသေရြ႕ ျပည္သူ႔ဘက္ကရပ္တည္ၿပီး ပံ့ပိုးကူညီသြားပါမယ္..

ၿပီးခဲ့တဲ့ ရက္ေတြက Facebook ေပၚ မွာ သိပ္မရွိတာေနသိပ္မေကာင္းတာနဲ႔ အလုပ္မအားတာေၾကာင့္ပါ.. အားလုံးစိတ္က်န္းမာေရး Mental Health ကလဲ အေရးႀကီးတဲ့အတြက္ဒီအခ်ိန္မွာ စိတ္ညစ္ စိတ္ဓါတ္က်ေနၾကမွန္းလည္း သိေပမယ့္ ကိုယ့္စိတ္သက္သာရာရေစမယ့္ ႐ုပ္ရွင္ၾကည့္တာမ်ိဳး သူငယ္ခ်င္းေတြနဲ႔ စကားေျပာတာမ်ိဳး မိသားစုနဲ႔ တူတူ အခ်ိန္ျဖဳန္းတာမ်ိဳးေလးေတြလည္း လုပ္ပါလို႔ေျပာခ်င္ပါတယ္… ဒီမိုကေရစီျပန္မရမခ်င္း ေရရွည္မွာစိတ္ေထာင္းလို႔ ကိုယ္ေၾကျဖစ္မွာစိုးလို႔ပါ.. အရႈံးမေပးဘူးေနာ္… အားတင္းထား.. အေရးေတာ္ပုံေအာင္ရမည္🙏🙏 ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြလည္း သိရွိနိုင္ေအာင္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Credit

သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ ပြည်ပနိုင်ငံတွင် နေထိုင်ပေမယ့်လည်း မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ အရေးနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် Speak out လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ သူနေထိုင်ရာ နယူးယောက်မြို့တွင် ပြုလုပ်တဲ့ မြန်မာနိုင်ငံအရေးအတွက် ဆန္ဒထုတ်ဖော်ပွဲမှာလည်း တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်ပေးနေသူဖြစ်တာကြောင့် အားလုံးက ချီးကျူးနေကြတာပါ။

မြန်မာနိုင်ငံတွင် ဖြစ်နေတဲ့ အခြေအနေများကိုလည်း သူ့ရဲ့လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေတာကိုလည်း မြင်တွေ့ကြရမှာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဥက္ကာမင်းမောင်ရဲ့ Facebook အကောင့်တွင် ပြည်ပမှာနေပေမယ့်လည်းြ ပည်သူတွေဘက်မှအခိုင်အမာ ရပ်တည်ကာ ပံ့ပိုးကူညီသွားမယ့်အကြောင်း အသိပေးရေးသားလာတာပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကျန်းမာရေးမကောင်းပေမယ့်လည်း တတ်နိုင်သလောက် အလှူငွေထည့်ချင်တာကြောင့် အလုပ်ချိန်ပိုလုပ်ဖြစ်နေကြောင်းကိုလည်း ပြောပြထားတာပါ။

” အစာအိမ်ပြန်ရောင်နေတာ နေလို့သိပ်မကောင်း… အလုပ်ချိန်ကလည်း တစ်ပတ် နာရီ ၅၀ လောက်ဖြစ်နေတာ..အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းပြီး ဖတ်ဖတ်ကိုမော ဘာမှ မလုပ်ချင်မကိုင်ချင်.. ကိုယ်ရှေ့ဆက်မယ့် plan တွေအတွက်အပြင် လှူချင်တဲ့အတွက်ကြောင့်လည်း အလုပ်ချိန်ပိုလုပ်နေပါတယ်.. ကိုယ့်ဝင်ငွေထဲ မျှပြီးတော့ နေရာစုံ လိုက်လှူနေပါတယ်.. အဝေးကနေ ကိုယ်တတ်နိုင်တဲ့ဘက်က အသက်ရှင်နေသရွေ့ ပြည်သူ့ဘက်ကရပ်တည်ပြီး ပံ့ပိုးကူညီသွားပါမယ်..

ပြီးခဲ့တဲ့ ရက်တွေက Facebook ပေါ် မှာ သိပ်မရှိတာနေသိပ်မကောင်းတာနဲ့ အလုပ်မအားတာကြောင့်ပါ.. အားလုံးစိတ်ကျန်းမာရေး Mental Health ကလဲ အရေးကြီးတဲ့အတွက်ဒီအချိန်မှာ စိတ်ညစ် စိတ်ဓါတ်ကျနေကြမှန်းလည်း သိပေမယ့် ကိုယ့်စိတ်သက်သာရာရစေမယ့် ရုပ်ရှင်ကြည့်တာမျိုး သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး မိသားစုနဲ့ တူတူ အချိန်ဖြုန်းတာမျိုးလေးတွေလည်း လုပ်ပါလို့ပြောချင်ပါတယ်… ဒီမိုကရေစီပြန်မရမချင်း ရေရှည်မှာစိတ်ထောင်းလို့ ကိုယ်ကြေဖြစ်မှာစိုးလို့ပါ.. အရှုံးမပေးဘူးနော်… အားတင်းထား.. အရေးတော်ပုံအောင်ရမည်🙏🙏 ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit