


Credit; MMLoad

ပရိတ်သတ်ကြီးရေ… မိတ်ကပ်လောကရဲ့နာမည်ကြီးမိတ်ကပ်ဖန်တီးရှင်လင်းလင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်ပြီး ပရိတ်သတ်တွေရဲ့အချစ်တွေကိုတစ်ခဲနက်သိမ်းပိုက်ရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။သူမဟာဆိုရင် စကားပြောပွင့်လင်းလွန်းပြီး စိတ်ကောင်းစေတနာကောင်းလည်းရှိတဲ့အတွက် မိတ်ကပ်လောကမှာရော အနုပညာရှင်တွေကရော လင်းလင်းဆိုပြီးပြောစမတ်တွင်လောက်အောင် အချစ်ခံနေရတဲ့သူတစ်ယောက်ဆိုရင်လည်းမမှာပါဘူးနော်။လင်းလင်းကတော့ ဖေဖော်ဝါရီလ အစကတည်းမှ စတင်ပြီးယနေ့ချိန်အထိ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတစ်ဦးအနေနဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ လမ်းပေါ်မထွက်ဖြစ်တဲ့နေ့တွေမှာဆိုရင်လည်း တိကျသေချာတဲ့သတင်းအချက်အလက်တွေကိုပြ ည်သူတွေသိရှိနိုင်အောင် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ညစဉ်ညတိုင်း ဘုရားဝတ်ပြုတဲ့ အခါမှာလည်း မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေလို့ မြတ်စွာဘုရားရှင်ထံ ဆုတောင်းနေတာ ဖြစ်ပါတယ်။ နေ့စဉ်မပျက်မကွက် ပဌာန်းရွတ်ဖတ်ပူဇော်ကာ အသက်ပေးသွားခဲ့ကြရတဲ့ သူရဲကောင်းတွေအတွက် အမျှပေးဝေနေတာလည်း ဖြစ်ပါတယ်။

အများပြည်သူတွေ စိတ်ဒုက္ခတွေရောက်နေချိန်မှာ သူမအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုကို ဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကတော့ အခုလိုဖြစ်နေတဲ့အချိန်မှာ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးရန် ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပို့စ်အောက်တွင် အခုလိုခိုင်မာတဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့အတွက် ပရိသတ်တွေက လင်းလင်းအား ချီးကျူးနေကြတာပါ။ ပရိသတ်တွေလည်း သိရှိစေရန်အတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက် ပေးလိုက်ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်…။

Source and Photo Crd-Lin Linn’s Facebook Page
Credit; MMLoad