မဂၤလာပါ ပရိသတ္ႀကီးေရ.. လက္ရွိ အေျခအေနေတြအရ ၿဖိဳခြင္းမႈေတြ ရွိေနေပမယ့္ ျပည္သူ ပရိသတ္ေတြအေနနဲ႔ လူထုလႈပ္ရွားမႈေတြကို ၿမိဳ႕နယ္အလိုက္ အဆက္မျပတ္လုပ္ေဆာင္ေနၾကၿပီး အႏုပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ားကလည္း အားလုံးနဲ႔အတူ ရပ္ တည္ေနတာ ေတြ႕ရပါတယ္..။ ယုံၾကည္ခ်က္ေတြ နဲ႔ ေတာ္လွန္ေရး တိုက္ပြဲႀကီးကို အင္တိုက္အားတိုက္လုပ္ေဆာင္ေနၾကသလို ထိပ္တန္းအႏုပညာရွင္ေတြျဖစ္ၾကတဲ့ ျမင့္ျမတ္၊ ရာဇာေနဝင္းအျပင္ ထူးျခားနဲ႔ေကညီတို႔ကလည္း လူထုလႈပ္ရွားမႈေတြမွာ ပါဝင္အားျ ဖည့္ေနပါတယ္..။

တတ္နိုင္တဲ့ဘက္ကေန နည္းအမ်ိဳးမ်ိဳးနဲ႔ႀကိဳးစားတိုက္ပြဲဝင္ေနၾကသလို ဒီကေန႔ေလး မွာလည္း ရာဇာေနဝင္း၊ ျမင့္ျမတ္၊ ေကညီ နဲ႔ ထူးျခားတို႔ သူငယ္ခ်င္းေတြကလည္း အေရးေတာ္ပုံေအာင္ျမင္ဖို႔အတြက္ လမ္းေပၚထြက္လႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္..။ သူတို႔အဖြဲ႕ဟာ ျပည္သူေတြနဲ႔ အတူ စိတ္တူကိုယ္တူနဲ႔ ေတာ္လွန္ေရးတိုက္ပြဲႀကီးကိုဆင္ႏႊဲေနၾကကာ ထိုင္သပိတ္ေတြ မွာလည္းပါဝင္ၿပီး ယုံၾကည္ခ်က္ ခိုင္ခိုင္မာမာနဲ႔ ေႂကြးေၾကာ္လိုက္တဲ့အသံေတြကလည္း တကယ္ကိုခြန္အား အျပည့္ပါပဲ..။

“အေရးေတာ္ပုံ…ေအာင္ရမည္။..” ဆိုၿပီး ျပည္သူေတြနဲ႔ အတူလူထုလႈပ္ရွားမႈေတြျပဳလုပ္ေနတဲ့ သူတို႔ရဲ့ ပုံရိပ္ေလးေတြ ကို ထူးျခားက မၽွေဝသလို ရာဇာေနဝင္းကလည္း သူ႔ရဲ့လူမႈကြန္ယက္စာမ်က္ႏွာကေန ေဝမၽွထားပါေသးတယ္..။ ပရိသတ္ေတြကလည္း ထိပ္တန္း အႏုပညာရွင္ေတြအေနနဲ႔ အခုလို ကိုယ္တိုင္ကိုယ္က်လမ္းေပၚထြက္လႈပ္ရွားမႈေတြမွာ ျပည္သူေတြ နဲ႔ အတူပူးေပါင္းပါဝင္ေပးၾကတာေတြကို သေဘာက်အားေပးေနၾကတာလည္း ေတြ႕ရပါတယ္..။

Photo Credit – Htoo Charr’s Fb Acc

မင်္ဂလာပါ ပရိသတ်ကြီးရေ.. လက်ရှိ အခြေအနေတွေအရ ဖြိုခွင်းမှုတွေ ရှိနေပေမယ့် ပြည်သူ ပရိသတ်တွေအနေနဲ့ လူထုလှုပ်ရှားမှုတွေကို မြို့နယ်အလိုက် အဆက်မပြတ်လုပ်ဆောင်နေကြပြီး အနုပညာရှင်တွေ တော်တော်များများကလည်း အားလုံးနဲ့အတူ ရပ် တည်နေတာ တွေ့ရပါတယ်..။ ယုံကြည်ချက်တွေ နဲ့ တော်လှန်ရေး တိုက်ပွဲကြီးကို အင်တိုက်အားတိုက်လုပ်ဆောင်နေကြသလို ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ရာဇာနေဝင်းအပြင် ထူးခြားနဲ့ကေညီတို့ကလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်အားြ ဖည့်နေပါတယ်..။

တတ်နိုင်တဲ့ဘက်ကနေ နည်းအမျိုးမျိုးနဲ့ကြိုးစားတိုက်ပွဲဝင်နေကြသလို ဒီကနေ့လေး မှာလည်း ရာဇာနေဝင်း၊ မြင့်မြတ်၊ ကေညီ နဲ့ ထူးခြားတို့ သူငယ်ချင်းတွေကလည်း အရေးတော်ပုံအောင်မြင်ဖို့အတွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်..။ သူတို့အဖွဲ့ဟာ ပြည်သူတွေနဲ့ အတူ စိတ်တူကိုယ်တူနဲ့ တော်လှန်ရေးတိုက်ပွဲကြီးကိုဆင်နွှဲနေကြကာ ထိုင်သပိတ်တွေ မှာလည်းပါဝင်ပြီး ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ကြွေးကြော်လိုက်တဲ့အသံတွေကလည်း တကယ်ကိုခွန်အား အပြည့်ပါပဲ..။

“အရေးတော်ပုံ…အောင်ရမည်။..” ဆိုပြီး ပြည်သူတွေနဲ့ အတူလူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေ ကို ထူးခြားက မျှဝေသလို ရာဇာနေဝင်းကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။ ပရိသတ်တွေကလည်း ထိပ်တန်း အနုပညာရှင်တွေအနေနဲ့ အခုလို ကိုယ်တိုင်ကိုယ်ကျလမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့ အတူပူးပေါင်းပါဝင်ပေးကြတာတွေကို သဘောကျအားပေးနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Htoo Charr’s Fb Acc