ခုဆိုရင္ အရွိန္အဟုန္ေကာင္းလ်က္ရွိေနတဲ့ လႈပ္ရွားမႈႀကီးဟာအရင္လိုၿငိမ္းၿငိမ္းခ်မ္းခ်မ္း မရွိေတာ့ဘဲ ျပည္သူေတြဟာ အႏၲရာယ္ေတြ အပစ္အခတ္ေတြနဲ႔ ၿဖိဳခြင္းခံရမႈေတြကိုရင္ဆိုင္ရလို႔ အသက္ဆုံးရႈံးရသူေတြလည္း မနည္းေတာ့ပါဘူး ။ဒါေပမယ့္လည္း မိမိတို႔ယုံၾကည္ရာ ေမၽွာ္လင့္ခ်က္ေတြအတြက္ ေနာက္မဆုတ္ဘဲ တစ္ေယာက္နဲ႔ တစ္ေယာက္ကူညီေဖးမရင္း ေရွ႕ဆက္လွမ္းေနၾကတာပါ။

ေနရာတိုင္းမွာ အပစ္အခတ္ေတြ ၿဖိဳခြင္းခံရတာေတြရွိေနတာေၾကာင့္ အသက္ေပးသြားရတဲ့ သူရဲေကာင္းေတြလည္း တစ္ရက္ထက္တစ္ရက္မ်ားလာခဲ့ရာ ျပည္သူအားလုံးကစိတ္မေကာင္းျဖစ္ကာေႂကြကြဲဝမ္းေနၾကတာပါ။ဒီေန႔ ဧၿပီ(၂)ရက္ေန႔ေလးမွာေတာ့ ခုလိုတိုက္ပြဲမွာအသက္ေပးရင္း အိမ္ျပန္မလာနိုင္ေတာ့သူရဲေကာင္းေလးေတြ ကိုရည္စူးၿပီး Flower Strike ဆိုတဲ့လႈပ္ရွားမႈေလးကိုေနရာအႏွံအျပားရဲ့လမ္းေတြမွာပန္းေလးေတြခ်ရင္းဆုေတာင္းဂုဏ္ျပဳေပးခဲ့ၾကပါတယ္။

အဆိုေတာ္ မိစႏၵီကလည္းဒီလႈပ္ရွားမႈေလးမွာ ကိုယ္တိုင္ခူးထားတဲ့ပန္းေလးနဲ႔ ပါဝင္ခဲ့ေၾကာင္းခုလိုေရးသားေဝမၽွလာပါတယ္။” တခ်ိန္မွာ ပန္းခင္းႀကီး ေဝဖို႔ အတြက္ တခ်ိဳ႕ပန္းေတြ ေပးဆပ္လို႔ ေႂကြ ေပးရတယ္ ျပန္မလာနိုင္ေတာ့တဲ့ သူရဲေကာင္းမ်ားစြာအတြက္ ကိုယ္တိုင္ခူးထားတဲ့ ပန္းေလးေတြနဲ႔ ဝမ္းနည္းစြာ ဂုဏ္ျပဳဆုေတာင္းပန္းလက္ခံရသူေတြ ေသြးေျမက် ႏႈတ္ဆက္သြားေတာ့.. က်န္ရစ္တဲ့သူေတြလည္း .. အသက္ရွင္လ်က္နဲ႔ စိတ္ေတြ ဘဝေတြ ေသမလိုပါပဲ.. ပန္းလက္ေဆာင္ ေပး ဆက္သရသူေတြ မျပဳံးနိုင္ပါ..

ဒါေပမယ့္ ကၽြန္မတို႔ေတြ အျပန္အလွန္ အားေပးၾကရင္း ပိုၿပီးအားတင္းထားၾကမယ္.. ေပးဆပ္ခဲ့သူေတြအတြက္ ပိုႀကိဳးစားၾကမယ္.. ပိုစည္းလုံးၾကမယ္ေနာ္.အနာဂတ္ ကၽြန္မတို႔ နိုင္ငံႀကီး မွာ ေသြးခ်င္းညီအကို ေမာင္ႏွမ တိုင္းရင္းသားမ်ား ပိုမို ခ်စ္ခင္ရင္းႏွီးစြာျဖင့္ ျဖင့္ ပိုမိုအေရာင္အေသြးစုံ ေသာ ပန္းမ်ား ပန္းခင္းႀကီးမ်ား ပြင့္လန္းေဝဆာေစေၾကာင္း ဆုေတာင္းလ်က္ “ဆိုတဲ့စာေလးျဖစ္ရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ ပါရေစ။

Credit – Cele Zone
Photo – Mi Sandi

ခုဆိုရင် အရှိန်အဟုန်ကောင်းလျက်ရှိနေတဲ့ လှုပ်ရှားမှုကြီးဟာအရင်လိုငြိမ်းငြိမ်းချမ်းချမ်း မရှိတော့ဘဲ ပြည်သူတွေဟာ အန္တရာယ်တွေ အပစ်အခတ်တွေနဲ့ ဖြိုခွင်းခံရမှုတွေကိုရင်ဆိုင်ရလို့ အသက်ဆုံးရှုံးရသူတွေလည်း မနည်းတော့ပါဘူး ။ဒါပေမယ့်လည်း မိမိတို့ယုံကြည်ရာ မျှော်လင့်ချက်တွေအတွက် နောက်မဆုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက်ကူညီဖေးမရင်း ရှေ့ဆက်လှမ်းနေကြတာပါ။

နေရာတိုင်းမှာ အပစ်အခတ်တွေ ဖြိုခွင်းခံရတာတွေရှိနေတာကြောင့် အသက်ပေးသွားရတဲ့ သူရဲကောင်းတွေလည်း တစ်ရက်ထက်တစ်ရက်များလာခဲ့ရာ ပြည်သူအားလုံးကစိတ်မကောင်းဖြစ်ကာကြွေကွဲဝမ်းနေကြတာပါ။ဒီနေ့ ဧပြီ(၂)ရက်နေ့လေးမှာတော့ ခုလိုတိုက်ပွဲမှာအသက်ပေးရင်း အိမ်ပြန်မလာနိုင်တော့သူရဲကောင်းလေးတွေ ကိုရည်စူးပြီး Flower Strike ဆိုတဲ့လှုပ်ရှားမှုလေးကိုနေရာအနှံအပြားရဲ့လမ်းတွေမှာပန်းလေးတွေချရင်းဆုတောင်းဂုဏ်ပြုပေးခဲ့ကြပါတယ်။

အဆိုတော် မိစန္ဒီကလည်းဒီလှုပ်ရှားမှုလေးမှာ ကိုယ်တိုင်ခူးထားတဲ့ပန်းလေးနဲ့ ပါဝင်ခဲ့ကြောင်းခုလိုရေးသားဝေမျှလာပါတယ်။” တချိန်မှာ ပန်းခင်းကြီး ဝေဖို့ အတွက် တချို့ပန်းတွေ ပေးဆပ်လို့ ကြွေ ပေးရတယ် ပြန်မလာနိုင်တော့တဲ့ သူရဲကောင်းများစွာအတွက် ကိုယ်တိုင်ခူးထားတဲ့ ပန်းလေးတွေနဲ့ ဝမ်းနည်းစွာ ဂုဏ်ပြုဆုတောင်းပန်းလက်ခံရသူတွေ သွေးမြေကျ နှုတ်ဆက်သွားတော့.. ကျန်ရစ်တဲ့သူတွေလည်း .. အသက်ရှင်လျက်နဲ့ စိတ်တွေ ဘဝတွေ သေမလိုပါပဲ.. ပန်းလက်ဆောင် ပေး ဆက်သရသူတွေ မပြုံးနိုင်ပါ..

ဒါပေမယ့် ကျွန်မတို့တွေ အပြန်အလှန် အားပေးကြရင်း ပိုပြီးအားတင်းထားကြမယ်.. ပေးဆပ်ခဲ့သူတွေအတွက် ပိုကြိုးစားကြမယ်.. ပိုစည်းလုံးကြမယ်နော်.အနာဂတ် ကျွန်မတို့ နိုင်ငံကြီး မှာ သွေးချင်းညီအကို မောင်နှမ တိုင်းရင်းသားများ ပိုမို ချစ်ခင်ရင်းနှီးစွာဖြင့် ဖြင့် ပိုမိုအရောင်အသွေးစုံ သော ပန်းများ ပန်းခင်းကြီးများ ပွင့်လန်းဝေဆာစေကြောင်း ဆုတောင်းလျက် “ဆိုတဲ့စာလေးဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက် ပါရစေ။

Credit – Cele Zone
Photo – Mi Sandi