


Credit ; MMload

ချစ်ပရိတ်သတ်ကြီးရေ…. ကျော်ထက်အောင် ကတော့ Myamar Idol သီချင်းဆိုပြိုင်ပွဲ ကြီးရဲ့ Host တစ်ဦး အဖြစ် အခုချိန်အထိ ဆောင်ရွက် ပေးခဲ့တာ ဖြစ်ပါတယ်နော် ။ သြဇာရှိပြီး တည်ကြည် ပြတ်သားတဲ့အသံမျိုးကို ပိုင်ဆိုင်ထားတဲ့ ကျော်ထက်အောင်က ပွဲတစ်ခု လုံးရဲ့အာရုံကို ဖမ်းစား နိုင်စွမ်းရှိသူဆိုရင်လည်းမမှာပါဘူးနော် ။ ဒါ့အပြင် ကျော်ထက်အောင်က အရပ်ရှည်ပြီး ယောက်ျား ပီသတဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ မိန်းကလေးပရိသတ် တွေရဲ့စိတ်ဝင်စားမှုကို ရယူထား နိုင်တာ ဖြစ်ပါတယ် ။

ကျော်ထက်အောင်ကအခုဆိုရင်လည်း ကြော်ငြာ တွေလက်ခံရိုက်ကူးသလို ခေါင်းဆောင် မင်းသား အဖြစ်လည်း ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာပါဝင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ကျော်ထက်အောင်ရဲ့သရုပ်ဆောင် ရည်အချင်းကိုလည်း ပရိသတ် တွေက နှစ်သက်အားပေးကြတာ ဖြစ်ပါတယ် ။ လတ်တလော မှာတော့ ကျော်ထက်အောင်က အဆိုတော် ဖြူဖြူကျော်သိန်း အတူ ရိုက်ကူးထားတဲ့ စုံတွဲပုံလေးတွေကို မကြာခဏ ဆိုသလို တင်ပေးနေတာကြောင့် အားလုံးက အရမ်းကိုစိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်နော် ။

အခုတစ်ခါမှာဆိုရင်လည်း ကျော်ထက်အောင် တစ်ယောက် Live လွှင့်နေတုန်း သူ့ရဲ့ ပရိသတ်တစ်ဦးက “အစ်ကိုတော် သာသနာ့ဘောင် ထဲဝင်မယ်ပြောပြီး Couple ပုံတွေအရမ်းတင်တယ်နော်” လို့ပြောခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ကျော်ထက်အောင်က “ပုထုဇဉ်ပီပီ သာသနာ့ဘောင် ထဲမဝင်ခင် ပျော်မွေ့ရတာပေါ့” ဆိုပြီး (၁၁)မိနစ်နဲ့ (၃၇) စက္ကန့်လောက်မှာ ရယ်ရယ် မောမောနဲ့ စနောက်ပြီး ပြန်ဖြေခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ် တွေအတွက် ကျော်ထက်အောင်ရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။ ဖတ်ရှုပေးတဲံချစ်ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်….။

Source & Video Credit-“Kyaw Htet Aung-Idol” FB Page
Credit ; MMload