မဂၤလာပါ ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသား ေဒါင္းကေတာ့ လက္ရွိမွာ သူကိုယ္တိုင္ ျမန္မာႏိုင္ငံမွာရွိမေနခဲ့ေပမယ့္ ျမန္မာ့ျပည္တြင္းအေရးေတြကို မ်က္ေျခမပ်က္ေစာင့္ၾကည့္ရင္း တတ္ႏိုင္တဲ့ဘက္ကေန ပါဝင္လႈပ္ရွားေနသူတစ္ေယာက္ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းလြတ္လပ္တဲ့ အစစ္အမွန္ ဒီမိုကေရစီကို ရရွိဖို႔ အၾကမ္းမဖက္တဲ့ ဆႏၵျပမႈေတြကို ျပဳလုပ္ဖို႔ တိုက္တြန္းေနတဲ့ ေဒါင္းက လက္တေလာမွာ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ႐ုပ္ရွင္႐ိုက္ကူးေနေပမယ့္ ျမန္မာျပည္က ဆႏၵျပပြဲေတြအတြင္း က်ဆုံးသြားခဲ့ရတဲ့ အျပစ္မဲ့ျပည္သူေတြရဲ႕ မိသားစုဝင္ကို နာေရးကူေငြနဲ႔ အားေပးစကားေျပာခဲ့တာကို ေတြ႕ရပါတယ္။

ေဒါင္းက မႏၲေလးၿမိဳ႕၊ ကမ္းနားလမ္း၊ ရတနာပုံသေဘၤာက်င္းအနီးဆႏၵျပပြဲမွာ ေသနတ္ဒဏ္ရာေၾကာင့္ က်ဆုံးသြားတဲ့ ကိုသက္ႏိုင္ဝင္းနဲ႔ ကိုေဝယံထြန္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္မွာ ရပ္ကြက္အတြင္း ကင္းေစာင့္ရင္း ေသနတ္ဒဏ္ရာေၾကာင့္ က်ဆံုးသြားတဲ့ ကိုတင္ထြဋ္ဟိန္း၊ ေနျပည္ေတာ္ သေျပဝိုင္း ဆႏၵျပပြဲမွာ ေသနတ္ဒဏ္ရာေၾကာင့္ က်ဆုံးသြားတဲ့ မျမသြဲ့သြဲ့ခိုင္တို့အတြက္ နာေရးကူေငြ (၅) သိန္းက်ပ္စီ ေပးအပ္ခဲ့ျပီး က်န္ရစ္သူမိသားစုဝင္ေတြကိုလည္း Video Call နဲ့ အားေပးစကားေျပာခဲ့တာပဲ ျဖစ္ပါတယ္။

ေဒါင္းကေတာ့ လူကိုယ္တိုင္ ျမန္မာျပည္မွာရိွမေနေပမယ့္ ဆႏၵျပပြဲေတြအတြင္း က်ဆုံးသြားခဲ့ရတဲ့ အျပစ္မဲ့ျပည္သူေတြအတြက္ နာေရးကူေငြ(၅) သိန္းစီ ေပးအပ္ျပီး က်န္ရစ္သူမိသားစုေတြကို Video Call နဲ့ အားေပးစကားေျပာခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Sweet Memories of DAUNG’s fb
Credit – Cele Connections

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသား ဒေါင်းကတော့ လက်ရှိမှာ သူကိုယ်တိုင် မြန်မာနိုင်ငံမှာရှိမနေခဲ့ပေမယ့် မြန်မာ့ပြည်တွင်းအရေးတွေကို မျက်ခြေမပျက်စောင့်ကြည့်ရင်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှုပ်ရှားနေသူတစ်ယောက်ဖြစ်ပါတယ်။ ငြိမ်းချမ်းလွတ်လပ်တဲ့ အစစ်အမှန် ဒီမိုကရေစီကို ရရှိဖို့ အကြမ်းမဖက်တဲ့ ဆန္ဒပြမှုတွေကို ပြုလုပ်ဖို့ တိုက်တွန်းနေတဲ့ ဒေါင်းက လက်တလောမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရုပ်ရှင်ရိုက်ကူးနေပေမယ့် မြန်မာပြည်က ဆန္ဒပြပွဲတွေအတွင်း ကျဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ မိသားစုဝင်ကို နာရေးကူငွေနဲ့ အားပေးစကားပြောခဲ့တာကို တွေ့ရပါတယ်။

ဒေါင်းက မန္တလေးမြို့၊ ကမ်းနားလမ်း၊ ရတနာပုံသင်္ဘောကျင်းအနီးဆန္ဒပြပွဲမှာ သေနတ်ဒဏ်ရာကြောင့် ကျဆုံးသွားတဲ့ ကိုသက်နိုင်ဝင်းနဲ့ ကိုဝေယံထွန်း၊ ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက်အတွင်း ကင်းစောင့်ရင်း သေနတ်ဒဏ်ရာကြောင့် ကျဆုံးသွားတဲ့ ကိုတင်ထွဋ်ဟိန်း၊ နေပြည်တော် သပြေဝိုင်း ဆန္ဒပြပွဲမှာ သေနတ်ဒဏ်ရာကြောင့် ကျဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်တို့အတွက် နာရေးကူငွေ (၅) သိန်းကျပ်စီ ပေးအပ်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း Video Call နဲ့ အားပေးစကားပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါင်းကတော့ လူကိုယ်တိုင် မြန်မာပြည်မှာရှိမနေပေမယ့် ဆန္ဒပြပွဲတွေအတွင်း ကျဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် နာရေးကူငွေ(၅) သိန်းစီ ပေးအပ်ပြီး ကျန်ရစ်သူမိသားစုတွေကို Video Call နဲ့ အားပေးစကားပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Sweet Memories of DAUNG’s fb
Credit – Cele Connections