မင်္ဂလာပါ ပရိသတ်ကြီးရေ တစ်ချို့တွေ နေနိုင်လွန်းချိန် ဒီ miss လေးကိုတော့ တစ်ကယ် လေးစားတယ် ….နှင်းသွေးယုအောင် နိုင်ငံတစ်ကာ Media ရှေ့မှာ ထွက်ပီး speak.out လုပ်ရဲတယ်…❤️❤️❤️Thai-BPS Interview မေးဖြေ အကျဉ်းချုပ်

မေး-ဒီအချိန်မှာ ဘာကို အစိုးရိမ်ဆုံးလဲ

ဖြေ-ဒီချိန်မှာ ကျွန်မ အစိုးရိမ်ဆုံး အရာကတော့ ဒီတိုက်ပွဲကိုရှုံးမှာ အစိုးရိမ်ဆုံးပါဘာလို့လဲဆိုတော့ ကျွန်မတို့ဒါကို ရှုံးလို့ကိုမဖြစ်လို့ပါ ဒီနေ့ Feb 22 ရက်နေ့မှာ ပြည်လုံးကျွတ်သပိတ်အတွက်လည်း အရမ်းဝမ်းသာရပါတယ် ကျွန်မတို့ဒါကြီးကို လွန်ခဲ့တဲ့ နှစ်၅၀ ကျော်ကတည်းက ခံစားခဲ့ရလို့ ဒါကိုထပ်ပြီးလက်မခံနိုင်တော့လို့ဒီလိုတွေ အားကြိုးမာန်တက်လုပ်နေကြရတာပါ

မေး- သင်သာခုချိန်မြန်မာနိုင်ငံမှာ ဆိုရင် ဒီသပိတ်မှာပါဝင်နေမှာပေါ့

ဖြေ- အသေအချာပါပဲ

မေး – ဒီတိုက်ပွဲကိုနိုင်ဖို့ အဓိကသော့ချက်ကဘာဖြစ်မလဲ

ဖြေ- ကျွန်မတို့ လိုချင်တာ မရမချင်း သည်းခံရမယ်စောင့်ရမယ် ပြီးတော့ ဒီပွဲကို အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာအောင်နိုင်ဖို့ အထိရောက်ဆုံးလုပ်နိုင်တာကတော့ CDM ပါပဲ

မေး- စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောကြားချက်တွေကို ယုံကြည်ပါသလား

ဖြေ- မယုံပါဘူးရှင့် ဘာလို့လဲဆိုတော့ ကျွန်မတို့ ဘာကို vote ခဲ့တယ်ဆိုတာ ကျွန်မတို့သိလို့ပါ

မေး- Miss Universe Myanmar တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံအကြောင်းဘာပြောချင်သလဲ

ဖြေ- ကျွန်မတို့နိုင်ငံကြီးက ခုဆိုရင် အန္တရာယ် ကျရောက်နေတာပါ ကျွန်မတို့ပြည်သူတွေ အပြစ်မဲ့စွာ သေနတ်နဲ့အပစ်ခံနေရပါတယ်တစ်ချို့ဆိုပုန်းနေရင်း အပစ်ခံရတယ် , တစ်ချို့ဆို ဆန္ဒထုတ် ပွဲချိန်အပစ်ခံရတဲ့သူကို ကယ်ရင်းအပစ်ခံရတယ်, တစ်ချို့ဆို ညဖက်ကင်းစောင့်ရင်းအပစ်ခံရတယ် စတာတွေက ကျွန်မတို့ ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့အကြောင်းအရာတွေပါ

မေး- သင့်အနေနဲ့ ဒီအကြောင်းအရာတွေကို တစ်ကမ္ဘာလုံးကိုသိစေနိုင်မယ်လို့ထင်ပါသလား

ဖြေ- ကျွန်မအနေနဲ့ တစ်ကမ္ဘာလုံးစီရောက်ဖို့လွှမ်းမိုးမှုမရှိပေမယ့် ကျွန်မတတ်နိုင်သလောက်လုပ်နေတာပါ ဒါကြောင့်လည်း မီဒီယာတွေ တီဗီ channel တွေနဲ့ဆက်သွယ်ခဲ့တာပါ

မေး- အနုပညာလောကထဲကသူတွေဘာကြောင့် ဒီလိုမျိုး မိမိအသံကိုအသုံးပြုပြီး အားကြိုးမာန်တက် ဆန္ဒထုတ်ဖော်နေကြတယ်လို့ သင့်အနေနဲ့မြင်ပါသလဲ

ဖြေ – ကျွန်မရဲ့တစ်ဦးတစ်ယောက်တည်းအမြင်နဲ့ပြောရမယ် ဆိုရင် ကျွန်မတို့ပြည်သူတွေအားလုံးကဒါကို လက်ကိုမခံနိုင်တာပါ ပြည်သူတွေက human right နဲ့ democracy ကိုသာပြန်လိုချင်တာပါဒါကြောင့်လည်း ဒီလိုအားကြိုးမာန်တက် တိုက်ပွဲဝင်နေကြတာပါ

မေး- ထိုင်းလူမျိုးတွေရဲ့ မြန်မာလူမျိုးတွေ အပေါ် အားပေးထောက်ခံမှုကိုရော ဘာပြောချင်သေးလဲ

ဖြေ- ကျွန်မတို့ပြည်သူတွေအတွက် ထိုင်းအပါအဝင် နိုင်ငံတကာက မိတ်ဆွေတွေရဲ့

အမြင်လေးတစ်ခု ,post လေးတစ်ခု ကတောင် ခွန်အားဖြစ်စေပါတယ်

မေး- ထိုင်းလိုလေးပြောပေးနိုင်မလား

ဖြေ – ဟုတ်ကဲ့ မြန်မာပြညါသူတွေကို အားပေးထောက်ခံပေးကြတဲ့ထိုင်းသူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်.

Creditး celeupdatenews