


Credit – Cele Zone
Photo – Sinon

ပရိသတ်ကြီးရေ မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဖိလစ်ပိုင် Cat Walk King Sinon Loresca ကတော့ ခုနောက်ပိုင်းမှာ ပိုမို လူသိများအောင်မြင်နေတာ ဖြစ်ပါတယ်။ Sinon က မြန်မာနိုင်ငံ ကိုလာရောက်ပြီး အနုပညာ အလုပ်တွေလုပ်ကိုင် ခဲ့သလို သူတတ်နိုင်သလောက်လေး အလှူအတန်းတွေကိုလည်းနေ့စဉ်နေရာစုံမှာ ပြုလုပ်ခဲ့ တာလည်း ဖြစ်ပါတယ်…။

လေးစားချင် စရာကောင်းတဲ့ သူ့ရဲ့အပြုအမူလေးတွေကြောင့်လည်း အားလုံးက ချစ်ခင်နေကြတာပါ။Sinon က ကြော်ငြာလေးတွေ ရိုက်ကူးသလို အပျော်တမ်းအခွီဗီဒီယိုလေးတွေလည်းရိုက်ကူးပြီး ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေနိုင်ခဲ့တဲ့ ဆယ်လီတစ်ယောက်ပါ။ အကြောင်း အမျိုးမျိုးကြောင့် သူရဲ့မွေးရပ်မြေကို ပြန်သွားရပေမယ့် မြန်မာပြည်ကို လွမ်းကြောင်း မကြာခဏ ဖော်ပြ ပေးနေတာလည်းတွေ့ရပါတယ်…။

ဒါ့အပြင် Sinon က ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း မြန်မာလူမျိုးတွေနဲ့ အတူ အစွမ်းကုန် ရပ်တည်ပေးပြီး ရရာနေရာတွေကနေ ပါဝင်လှုပ်ရှားပေးနေသူလည်းဖြစ်ပါတယ်..။ အခုလည်း မြန်မာအတွက် သူရဲ့ နှလုံးသားထဲမှာ နေရာအလွတ် အမြဲရှိကြောင်းနဲ့ သတိရလွမ်းနေမိကြောင်းကို ” ငါ့ နှလုံးသားထဲမှာ မြန်မာအတွက် နေရာ လွတ်ကအမြဲရှိပီးသား အရမ်း လွမ်းတယ် မြန်မာ” ခုလိုရေးသားဖော်ပြလာပါတယ်…. ။

Credit – Cele Zone
Photo – Sinon