ခ်စ္လွစြာေသာပရိတ္သတ္ႀကီးေရ Miss Universe Myanmar အျဖစ္နဲ႔ တိုင္းတပါးမွာသြားေရာက္ယွဥ္ၿပိဳင္ၿပီး အမိျမန္မာျပည္ကို ျပန္လာဖို႔မလြယ္ေတာ့တဲ့ သူဇာဝင့္လြင္ဟာ လတ္တေလာမွာေတာ့ အေမရိမွာေနထိုင္ၿပီး ေမာ္ဒယ္ေအဂ်င္စီတစ္ခုမွာ ဝင္ေရာက္လုပ္ကိုင္ေနခဲ့ပါၿပီ။ဒီေန႔မွာလည္း ကန္ဒီက ေလာ့အိန္ဂ်လိစ္နိုင္ငံက Beverly Hills ၿမိဳ႕မွာရိုက္ ကူးထားတဲ့ ပုံရိပ္ေလးကို လူမႈကြန္ရက္မွာ ေဝမၽွခဲ့ၿပီးေနာက္ အမျဖစ္သူေမဟာ ” ငါေရာက္ဖူးခ်င္တဲ့ ေနရာေလး.. ေပ်ာ္ေနတာျမင္ေတာ့ ဝမ္းသာပါတယ္.❤️..

တို႔ဝရမ္းေျပးဘဝက လြတ္တဲ့တေန႔မွ ျပန္ဆုံၾကစို႔ တို႔ဖန္မလီ ” ဟုဆိုၿပီး ဝင္ေရာက္မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒီမွတ္ခ်က္ေလးကို ျမင္ၾကတဲ့ပရိသတ္ေတြဟာ စိတ္မေကာင္းျဖစ္ၿပီး အားတင္းထားဖို႔နဲ႔ ေဘးကင္းေစေၾကာင္း ဆုေတာင္းေပးခဲ့ၾကပါတယ္။ အမျဖစ္သူရဲ့မွတ္ခ်က္ကို ” Miss you ဒီမွာလည္း passport ဖ်က္ခံရတယ္ဆိုလား ” ဟုဆိုၿပီး ကန္ဒီက ျပန္လည္မွတ္ခ်က္ေပးခဲ့ပါတယ္။ အမျဖစ္သူ ေမဟာလည္း ျပည္သူေတြနဲ႔ တစ္သားတည္းရပ္တည္ခဲ့ တာေၾကာင့္ (၅၀၅) (က) နဲ႔ အမႈဖြင့္ ခံရၿပီး

ေဘးလြတ္ရာကို တိမ္းေရွာင္ေနရသလို ညီမျဖစ္သူကန္ဒီဟာ လည္း တကမၻာလုံးကၾကည့္ေနတဲ့ Miss Universe စင္ျမင့္ထက္မွာ ျမန္မာ့အေရးကို ရဲရဲဝံ့ဝံ့ ထုတ္ေဖာ္ခဲ့တာေၾကာင့္ ျမန္မာျပည္ကိုျပန္လာဖို႔ အဆင္မေျပနိုင္ေသးပါဘူး။ ဒီလိုအခက္အခဲေတြကိုယ္စီနဲ႔ ရင္ဆိုင္ေနရတဲ့ ညီအမႏွစ္ေယာက္ကို ပရိသတ္ေတြက အားေပးစကားေျပာခဲ့ၾကပါတယ္။ ျမန္မာျပည္အတြက္ေရာင္နီလာမယ့္ ေန႔ရက္ေတြေရာက္ရင္ ျပည္သူေတြရဲ့ဆႏၵနဲ႔ထပ္တူက်ၿပီး ျပည္သူေတြ ဖက္ကရပ္တည္ေပးခဲ့တဲ့ အႏုပညာရွင္တိုင္းကို ျပည္သူေတြ ကလက္ကမ္းႀကိဳၿပီး အေကာင္းဆုံးေတြ ျပန္ေပးဖို႔ အဆင္သင့္ပါပဲ..။

ရဲရင့္ၿပီး ဆုံးျဖတ္ခ်က္ျပတ္သားနဲ႔ ေမနဲ႔သူဇာ၀င့္လြင္ လို သမီးေလးေတြကိုပိုင္ဆိုင္ ထားတဲ့ မိဘေတြအတြက္ေတာ့ တကယ္ကိုဂုဏ္ယူစရာျဖစ္ေနမွာပါ။ ပရိသတ္ေတြရဲ့ခ်စ္ျခင္းေမတၱာေၾကာင့္ ညီအမႏွစ္ေယာက္လုံးေဘးကင္းၿပီး ပိုမိုေအာင္ျမင္ေပ်ာ္ရႊင္တဲ့ ဘဝေတြကို ကိုယ္စီပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပ းပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Unicode

ချစ်လှစွာသောပရိတ်သတ်ကြီးရေ Miss Universe Myanmar အဖြစ်နဲ့ တိုင်းတပါးမှာသွားရောက်ယှဉ်ပြိုင်ပြီး အမိမြန်မာပြည်ကို ပြန်လာဖို့မလွယ်တော့တဲ့ သူဇာဝင့်လွင်ဟာ လတ်တလောမှာတော့ အမေရိမှာနေထိုင်ပြီး မော်ဒယ်အေဂျင်စီတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေခဲ့ပါပြီ။ဒီနေ့မှာလည်း ကန်ဒီက လော့အိန်ဂျလိစ်နိုင်ငံက Beverly Hills မြို့မှာရိုက် ကူးထားတဲ့ ပုံရိပ်လေးကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပြီးနောက် အမဖြစ်သူမေဟာ ” ငါရောက်ဖူးချင်တဲ့ နေရာလေး.. ပျော်နေတာမြင်တော့ ဝမ်းသာပါတယ်.❤️..

တို့ဝရမ်းပြေးဘဝက လွတ်တဲ့တနေ့မှ ပြန်ဆုံကြစို့ တို့ဖန်မလီ ” ဟုဆိုပြီး ဝင်ရောက်မှတ်ချက်ပေးခဲ့ပါတယ်။ ဒီမှတ်ချက်လေးကို မြင်ကြတဲ့ပရိသတ်တွေဟာ စိတ်မကောင်းဖြစ်ပြီး အားတင်းထားဖို့နဲ့ ဘေးကင်းစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။ အမဖြစ်သူရဲ့မှတ်ချက်ကို ” Miss you ဒီမှာလည်း passport ဖျက်ခံရတယ်ဆိုလား ” ဟုဆိုပြီး ကန်ဒီက ပြန်လည်မှတ်ချက်ပေးခဲ့ပါတယ်။ အမဖြစ်သူ မေဟာလည်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့ တာကြောင့် (၅၀၅) (က) နဲ့ အမှုဖွင့် ခံရပြီး

ဘေးလွတ်ရာကို တိမ်းရှောင်နေရသလို ညီမဖြစ်သူကန်ဒီဟာ လည်း တကမ္ဘာလုံးကကြည့်နေတဲ့ Miss Universe စင်မြင့်ထက်မှာ မြန်မာ့အရေးကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ခဲ့တာကြောင့် မြန်မာပြည်ကိုပြန်လာဖို့ အဆင်မပြေနိုင်သေးပါဘူး။ ဒီလိုအခက်အခဲတွေကိုယ်စီနဲ့ ရင်ဆိုင်နေရတဲ့ ညီအမနှစ်ယောက်ကို ပရိသတ်တွေက အားပေးစကားပြောခဲ့ကြပါတယ်။ မြန်မာပြည်အတွက်ရောင်နီလာမယ့် နေ့ရက်တွေရောက်ရင် ပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူကျပြီး ပြည်သူတွေ ဖက်ကရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တိုင်းကို ပြည်သူတွေ ကလက်ကမ်းကြိုပြီး အကောင်းဆုံးတွေ ပြန်ပေးဖို့ အဆင်သင့်ပါပဲ..။

ရဲရင့်ပြီး ဆုံးဖြတ်ချက်ပြတ်သားနဲ့ မေနဲ့သူဇာဝင့်လွင် လို သမီးလေးတွေကိုပိုင်ဆိုင် ထားတဲ့ မိဘတွေအတွက်တော့ တကယ်ကိုဂုဏ်ယူစရာဖြစ်နေမှာပါ။ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကြောင့် ညီအမနှစ်ယောက်လုံးဘေးကင်းပြီး ပိုမိုအောင်မြင်ပျော်ရွှင်တဲ့ ဘဝတွေကို ကိုယ်စီပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေ းပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

crd