ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္မင္းသား ညီနႏၵကေတာ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္လႈပ္ရွားမႈေတြကို ရဲရဲရင့္ရင့္နဲ႔ အင္တိုက္အားတိုက္ျပဳလုပ္တာေၾကာင့္ ၅၀၅ (က) ျဖင့္ အမႈဖြင့္အေရးယူျခင္းခံထားရတဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္ပါပဲ။ ညီနႏၵကေတာ့ အၾကမ္းဖက္စစ္ေကာင္စီရဲ့ အမႈဖြင့္ အေရးယူျခင္းခံထားရတာေၾကာင့္ လတ္တေလာမွာ အခက္အခဲေတြနဲ႔ အႏၲရာယ္ေတြၾကားက ေရွာင္တိမ္းပုန္း ခိုေနရသူလည္း ျဖစ္ပါတယ္..။

လတ္တေလာအေျခအေနေတြမွာ အိမ္မျပန္နိုင္တာ အေတာ္ေလးၾကာေနၿပီျဖစ္တဲ့အတြက္ ခ်စ္ရတဲ့မိသားစုကို လြမ္းေနရၿပီး အိမ္ျပန္ခ်င္တဲ့စိတ္ေဇာေတြေၾကာင့္ အိပ္မက္ မက္ခဲ့တဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္။ ​မိသားစုကို ေန႔ေန႔ညည သတိရလြမ္း ဆြတ္ေနရၿပီး အခုခ်ိန္မွာ လက္ေတြ႕အေကာင္အထည္မေဖာ္ နိုင္ေသးတဲ့ အိမ္ျပန္ျခင္းကို အိပ္မက္ထဲမွာ ျပဳလုပ္ခဲ့တဲ့အေၾကာင္းေတြကို လြမ္းလြမ္းေဆြးေဆြးေလး ေျပာျပထားတာ ျဖစ္ပါတယ္..။

“ အလြမ္း… ျပန္ခ်င္စိတ္ေၾကာင့္… အလြမ္း… ျပန္ခ်င္ေဇာေၾကာင့္… ေန႔ခင္း… အိပ္မက္ထဲမွာအေတြး… အိပ္မက္ထဲမွာအိမ္ျပန္ျဖစ္တယ္.. ” ဟုဆိုၿပီး သူ႔ရဲ့အ ျဖစ္ေတြကို သ႐ုပ္ေဆာင္ ညီနႏၵက ေျပာျပထားတာ ျဖစ္ပါတယ္။ ေတာ္လွန္ေရးအတြက္ လူထုလႈပ္ရွားမႈေတြျပဳလုပ္ကာ အေရးေတာ္ပုံႀကီးမွာ တတ္နိုင္သေလာက္ ႀကိဳးစားပါဝင္အားျဖည့္ခဲ့ၿပီး မိသားစုေတြနဲ႔ ခြဲခြာေန ေနရတဲ့ ညီနႏၵကို ျပည္သူပရိသတ္ေတြကလည္း အားေပးစကားေတြေျပာထားၾကတာ ေတြ႕ရပါတယ္။ ဖတ္ရႈေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source: Nyi Nanda’s Fb Acc

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါပဲ။ ညီနန္ဒကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရသူလည်း ဖြစ်ပါတယ်..။

လတ်တလောအခြေအနေတွေမှာ အိမ်မပြန်နိုင်တာ အတော်လေးကြာနေပြီဖြစ်တဲ့အတွက် ချစ်ရတဲ့မိသားစုကို လွမ်းနေရပြီး အိမ်ပြန်ချင်တဲ့စိတ်ဇောတွေကြောင့် အိပ်မက် မက်ခဲ့တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ​မိသားစုကို နေ့နေ့ညည သတိရလွမ်း ဆွတ်နေရပြီး အခုချိန်မှာ လက်တွေ့အကောင်အထည်မဖော် နိုင်သေးတဲ့ အိမ်ပြန်ခြင်းကို အိပ်မက်ထဲမှာ ပြုလုပ်ခဲ့တဲ့အကြောင်းတွေကို လွမ်းလွမ်းဆွေးဆွေးလေး ပြောပြထားတာ ဖြစ်ပါတယ်..။

“ အလွမ်း… ပြန်ချင်စိတ်ကြောင့်… အလွမ်း… ပြန်ချင်ဇောကြောင့်… နေ့ခင်း… အိပ်မက်ထဲမှာအတွေး… အိပ်မက်ထဲမှာအိမ်ပြန်ဖြစ်တယ်.. ” ဟုဆိုပြီး သူ့ရဲ့အ ဖြစ်တွေကို သရုပ်ဆောင် ညီနန္ဒက ပြောပြထားတာ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှုတွေပြုလုပ်ကာ အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် ကြိုးစားပါဝင်အားဖြည့်ခဲ့ပြီး မိသားစုတွေနဲ့ ခွဲခွာနေ နေရတဲ့ ညီနန္ဒကို ပြည်သူပရိသတ်တွေကလည်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်။ ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Crd : MM Load