ခ်စ္ပရိသတ္ႀကီး ခ်စ္စရာေကာင္းတဲ့ သ႐ုပ္ေဆာင္ မင္းသမီးေလး မုဏ္းက MRTV 4 ဇာတ္လမ္းတြဲေတြမွတဆင့္ ေအာင္ျမင္မႈရရိွခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ မုဏ္းက ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမ်ားမွာ ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ သရုပ္ေဆာင္ခဲ့ျပီး တစ္နိုင္ငံလံုးက လူၾကီး၊ လူငယ္ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွခဲ့တာ ျဖစ္ပါတယ္။ လူေလးလွသလို စိတ္ထားေလးလည္းေကာင္းမြန္တဲ့ မုဏ္းက အလွဴအတန္းေတြကိုလည္း အျမဲတမ္းျပဳလုပ္တတ္သူေလးျဖစ္ျပီး ဒီတစ္ခါမွာလည္း မိဘေက်းဇူးဆပ္တဲ့အေနနဲ့ ကုသိုလ္ထူးေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

မင္းသနီး မုဏ္းက “(၇) ရက္တိတိ သာသနာ့အေမြကို ခံယူကာ မိဘေက်းဇူးကို ဆပ္လို႔ လူထြက္ခဲ့ပါၿပီ။ျပဳျပဳသမွ်ကုသိုလ္ေကာင္းမႈအစုစုတို႔ကို သိျခင္း ၾကားျခင္း သာဓုေခၚဆိုျခင္းျဖင့္ ကုသိုလ္ထပ္တူရေစလိုျခင္းငွာ မွ်ေဝေပးပါတယ္။” ဆိုျပီး (၇) ရက္တိုင္တိုင္ သီလရွင္ဝတ္ ကုသိုလ္ယူရင္း တရားဘာဝနာအားထုတ္ခဲ့တဲ့အေၾကာင္းကို ပရိသတ္ေတြဆီ မွ်ေဝေပးလာခဲ့တာပဲ ျဖစ္ပါတယ္။

မင္းသမီး မုဏ္းကေတာ့ သူမရဲ့ မိဘနွစ္ပါးကို ေက်းဇူးဆပ္တဲ့အေနနဲ့ ကုသိုလ္ထူးတစ္ခုကို ျပဳလုပ္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မုဏ္းရဲ့ ကုသိုလ္ေလးအတြက္ ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ၾကီး အားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နုိင္ၾကပါေစလို ့ဆုမြန္ေကာင္းေတာင္းေပးလုိက္ပါတယ္ေနာ္….။

Source: Mone’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီး ချစ်စရာကောင်းတဲ့ သရုပ်ဆောင် မင်းသမီးလေး မုဏ်းက MRTV 4 ဇာတ်လမ်းတွဲတွေမှတဆင့် အောင်မြင်မှုရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မုဏ်းက ဇာတ်လမ်းတွဲတော်တော်များများမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်းကောင်းမွန်တဲ့ မုဏ်းက အလှူအတန်းတွေကိုလည်း အမြဲတမ်းပြုလုပ်တတ်သူလေးဖြစ်ပြီး ဒီတစ်ခါမှာလည်း မိဘကျေးဇူးဆပ်တဲ့အနေနဲ့ ကုသိုလ်ထူးလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

မင်းသနီး မုဏ်းက “(၇) ရက်တိတိ သာသနာ့အမွေကို ခံယူကာ မိဘကျေးဇူးကို ဆပ်လို့ လူထွက်ခဲ့ပါပြီ။ပြုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကို သိခြင်း ကြားခြင်း သာဓုခေါ်ဆိုခြင်းဖြင့် ကုသိုလ်ထပ်တူရစေလိုခြင်းငှာ မျှဝေပေးပါတယ်။” ဆိုပြီး (၇) ရက်တိုင်တိုင် သီလရှင်ဝတ် ကုသိုလ်ယူရင်း တရားဘာဝနာအားထုတ်ခဲ့တဲ့အကြောင်းကို ပရိသတ်တွေဆီ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသမီး မုဏ်းကတော့ သူမရဲ့ မိဘနှစ်ပါးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကုသိုလ်ထူးတစ်ခုကို ပြုလုပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မုဏ်းရဲ့ ကုသိုလ်လေးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Mone’s fb
Credit– Cele Connections