ခ်စ္ပရီသတ္ႀကီးေရ ျပည္သူခ်စ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီမ်ားရွင္ မင္းသား ေနတိုးကေတာ့ က်ရာဇာတ္ရုပ္ကို အေကာင္းဆံုးသရုပ္ေဆာင္နိုင္ရံုသာမက တြဲဖက္သရုပ္ေဆာင္ေတြအေပၚမွာလည္း လက္တြဲေခၚေဆာင္တတ္တာမို့ အနုပညာေလာကရဲ့ ထင္ရွားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနတိုးက သူ့ရဲ့ ဇာတ္ေကာင္ကာရိုက္တာအတြက္ စိတ္ေရာ၊ကိုယ္ပါ အမ်ိဳးမ်ိဳးသရုပ္ေဆာင္တတ္သူျဖစ္ျပီး စီနီယာ၊ ဂ်ဴနီယာေတြနဲ့လည္း သဟဇာတျဖစ္ေအာင္ တြဲဖက္သရုပ္ေဆာင္နိုင္သူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

လတ္တေလာ ရုပ္ရွင္ရိုက္ကူးျခင္းေတြ ရပ္နားထားတဲ့ ေနတိုးက ေအးျမျဖဴရဲ့ သီခ်င္းသံုးပုဒ္ပါဝင္တဲ့ Music Series ေလးမွာ ပါဝင္သရုပ္ေဆာင္ေပးထားတာပဲ ျဖစ္ပါတယ္။ သီခ်င္းသံုးပုဒ္ထဲက ပထမသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Brand New Love ကေတာ့ ဆယ္ေက်ာ္သက္အရြယ္ရင္ခုန္သံေတြနဲ့ သီဆိုထားတဲ့ သီခ်င္းေလးမို့ ပရိသတ္ေတြၾကိဳက္ခဲ့ရသလို ဒီကေန့မွာလည္း ဒုတိယေျမာက္သီခ်င္းေလးျဖစ္တဲ့ “မိုးနဲ့အတူ” သီခ်င္းေလးက ထြက္ရိွလို့လာခဲ့ပါျပီ။ ပရိသတ္ၾကီးအတြက္ ေနတိုးနဲ့ ေအးျမျဖဴတို့ သရုပ္ေဆာင္ထားၾကတဲ့ “မိုးနဲ့အတူ” သီခ်င္းေလးကို မွ်ေဝေပးလုိက္ပါတယ္ေနာ္။

“မိုးနဲ့အတူ” သီခ်င္းေလးကေတာ့ ပထမသီခ်င္းေလးနဲ့ လံုးဝကြဲျပားျပီး ေအးေအးေဆးေဆးေလးနဲ့ ခံစားမႈရသအျပည့္ေပးသလို MV ေလးကလည္း သီခ်င္းေလးနဲ့ လုိက္ဖက္စြာ ၾကည္နူးစရာေတြမ်ားစြာကို ခံစားရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနတိုးနဲ့ ေအးျမျဖဴတို့ သရုပ္ေဆာင္ထားတဲ့ “မိုးနဲ့အတူ” သီခ်င္းေလးကို ၾကိဳက္နွစ္သက္ၾကမယ္လုိ့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ၾကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နုိင္ၾကပါေစလို့ ဆုမြန္ေကာင္းတာင္းေပးလိုက္ပါတယ္ေနာ္။

Source: V7Entertainment’s fb

ချစ်ပရီသတ်ကြီးရေ ပြည်သူချစ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီများရှင် မင်းသား နေတိုးကတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ရုံသာမက တွဲဖက်သရုပ်ဆောင်တွေအပေါ်မှာလည်း လက်တွဲခေါ်ဆောင်တတ်တာမို့ အနုပညာလောကရဲ့ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့ ဇာတ်ကောင်ကာရိုက်တာအတွက် စိတ်ရော၊ကိုယ်ပါ အမျိုးမျိုးသရုပ်ဆောင်တတ်သူဖြစ်ပြီး စီနီယာ၊ ဂျူနီယာတွေနဲ့လည်း သဟဇာတဖြစ်အောင် တွဲဖက်သရုပ်ဆောင်နိုင်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

လတ်တလော ရုပ်ရှင်ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ နေတိုးက အေးမြဖြူရဲ့ သီချင်းသုံးပုဒ်ပါဝင်တဲ့ Music Series လေးမှာ ပါဝင်သရုပ်ဆောင်ပေးထားတာပဲ ဖြစ်ပါတယ်။ သီချင်းသုံးပုဒ်ထဲက ပထမသီချင်းတစ်ပုဒ်ဖြစ်တဲ့ Brand New Love ကတော့ ဆယ်ကျော်သက်အရွယ်ရင်ခုန်သံတွေနဲ့ သီဆိုထားတဲ့ သီချင်းလေးမို့ ပရိသတ်တွေကြိုက်ခဲ့ရသလို ဒီကနေ့မှာလည်း ဒုတိယမြောက်သီချင်းလေးဖြစ်တဲ့ “မိုးနဲ့အတူ” သီချင်းလေးက ထွက်ရှိလို့လာခဲ့ပါပြီ။ ပရိသတ်ကြီးအတွက် နေတိုးနဲ့ အေးမြဖြူတို့ သရုပ်ဆောင်ထားကြတဲ့ “မိုးနဲ့အတူ” သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

“မိုးနဲ့အတူ” သီချင်းလေးကတော့ ပထမသီချင်းလေးနဲ့ လုံးဝကွဲပြားပြီး အေးအေးဆေးဆေးလေးနဲ့ ခံစားမှုရသအပြည့်ပေးသလို MV လေးကလည်း သီချင်းလေးနဲ့ လိုက်ဖက်စွာ ကြည်နူးစရာတွေများစွာကို ခံစားရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးနဲ့ အေးမြဖြူတို့ သရုပ်ဆောင်ထားတဲ့ “မိုးနဲ့အတူ” သီချင်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတာင်းပေးလိုက်ပါတယ်နော်။

Credit– Cele Connections