မင်္ဂလာပါ ပရိတ်သတ်ကြီးရေ Miss Universe Myanmar အလှမယ် သူဇာဝင့်လွင်ကတော့ ပြိုင်ပွဲအပြီးမှာ မြန်မာနိုင်ငံပြန်ဖို့ရန်အတွက် အခက်အခဲဖြစ် နေတယ်လို့ သိရပါတယ်။ သူမရဲ့ လုံခြုံရေးစိုးရိမ်ရတာကြောင့် လက်ရှိမှာတော့ အမေရိကမှာပဲ ဆက်လက်နေထိုင်ဖြစ်မယ် လို့လည်း သိရပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပက်သက်ပြီး ဥက္ကာမင်းမောင် ကတော့ သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ပရိတ်သတ်ကို အခုလိုပဲ အသိပေးခဲ့ပါတယ်…။
” Miss Universe ပွဲအပြီး Candy လေး ဒီနေ့ပဲ New York ရောက်လာတော့ မုန့်သွားစား လျှောက်သွား စကားစမည်ပြောရင်း အမှတ်တရ… ကျွန်တော့် ညီမ အရင်း ထက်တောင်ငယ်တဲ့ Candy ကို ကျွန်တော့် ညီမ အရင်းတစ်ယောက်လိုပဲ လိုအပ်တာ မှန်သမျှ ကူညီ စောင့်ရှောက်ပေးပါမယ်.. လောလောဆယ် မြန်မာပြည်ပြန်ဖို့လဲ အခက်အခဲရှိတယ်… သူ့ safety အတွက်လဲ စိတ်ပူရတဲ့ အခြေအနေမှာ ပြိုင်ပွဲပြီးသော်လဲ တခြားသူတွေလို ဂုဏ်ယူဝင့်ကြွားစွာနှင့်သူ့တိုင်းပြည် သူပြန်လို့မရ.. ကျန်ရှိနေတဲ့ သူ့ဘဝခရီးရှေ့ဆက်ဖို့ စိတ်ဓါတ်မကျဖို့ အားပေးရင်း သူက ဒီနိုင်ငံမှာ Modeling ဆက်လက် လုပ်ဆောင်သွားဖို့ စဉ်းစားနေတယ်ဆိုတော့ ကိုယ်သိသလောက် အားပေးအကြံပေး ရင်းဆုံကြသည်ပေါ့…..
ဒီနေ့တော့ New York ကို ရောက်တာ သူပထမဆုံးနေ့ဆိုတော့ Times Square ဝန်းကျင် လျှောက်ပို့ရင်း အမှတ်တရပုံလေးတွေ.. ပရိတ်သတ်များရော.. သူ့မိသားစုဝင်များရော စိတ်မပူနဲ့နော်.. အားလုံးအဆင်ပြေသွားမှာပါ..သဘက်ခါ America ရောက် ချင်းလူမျိုးတွေ ဖိတ်ကြားမှူနဲ့ Indiana ပြည်နယ်ကို သူသွားပါမယ်.. သူ့ကို ဂုဏ်ပြုချင် ချစ်ကြသူတွေလဲ US တခွင် တအားများပါတယ်..US တခွင် ဖိတ်ကြားမှူများ သွားပြီးလို့ New York ပြန်လာရင် သူ့ကို ဂုဏ်ပြုပွဲ ကျင်းပပေးချင်ကြသော မိတ်ဆွေများနှင့် ပွဲလေးတပွဲပြုလုပ်ပေးမည်ဖြစ်ပါသည်.. ထိုအတွက် လာမေးကြသော message များအားလုံး မပြန်ရသေးတာ ခွင့်လွှတ်ပါ.. သူ New York မှာနေတဲ့ ကာလပတ်လုံး ခင်မင်သူပေါပြီး သူ့ဘဝ လုံခြုံမှူရှိရေး အတွက်ရော …ရှေ့ဆက်ရမယ့် ဘဝခရီးမှာ မိတ်ဆွေ အပေါင်းအသင်းပေါများဖို့ အတွက်ရော …
သူ့ကို အားပေးသူ ရွှေမြန်မာများနှင့် တွေ့ဆုံ ပွဲလေး ကျင်းပပါမည် ရက် နေ့စွဲ နှင့် အချိန် ပြန်လည်ကြေငြာပါမည်ခင်ဗျာ.. ကိုယ့်မြန်မာအချင်းချင်း တထောင့်တနေရာကနေ ကူညီအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ.. အခုတော့ ဒီ New York မှာ Modeling လုပ်နေတဲ့ Beauty သက်သက်သင်း နဲ့ အတူ နေပါတယ်ခင်ဗျာ.. Candy လေး အစစအရာရာ အဆင်ပြေပြေ ရှိပါတယ်ခင်ဗျာ…Welcome to New York Candy💖” ဆိုကာ ပြည်ပရောက် မြန်မာလူမျိုးများကလည်း သူဇာဝင့်လွင်ကို တတ်အားသရွေ့ကူညီပေးကြဖို့ တောင်းဆိုခဲ့ပါတယ်….။
Credit