မဂၤလာပါ ပရိသတ္ႀကီးေရ သရုပ္ေဆာင္ မင္းသမီး ခိုင္နွင္းေဝကေတာ့ လူတကာ မလုပ္နုိင္တဲ့ ပရဟိတအလုပ္ေတြကို စိတ္ေရာကိုယ္ပါနစ္ျပီး လုပ္ကိုင္ေနသူ မင္းသမီးေလးတစ္ေယာက္အျဖစ္ ေကာင္းသတင္းေမႊးသူတစ္ေယာက္ ျဖစ္ပါတယ္။ ခုိင္နွင္းေဝက ခိုင္နွင္းေဝပရဟိတအသင္းနဲ့ ခိုင္မိသားစုေဂဟာတို့ကို ဦးစီးျပီး အမ်ားအက်ိဳးကို သယ္ပိုးေဆာင္ရြက္ေနသူတစ္ေယာက္ပါပဲ။ ပရဟိတသမားတစ္ေယာက္ျဖစ္တဲ့ ခုိင္နွင္းေဝက အခုလို တိုင္းေရးျပည္ေရးမျငိမ္မသက္ျဖစ္ေနစဥ္အခ်ိန္မွာကို ေန့တုိင္းနီးပါး ကေလးငယ္ေလးေတြ စြန့္ပစ္ ခံေနရေၾကာင္းေျပာလာတာကို ေတြ့ရပါတယ္။

ခိုင္နွင္းေဝက “ဒီ မနက္ အေစာႀကီး တိုက္ႀကီးၿမိဳ႕နယ္ အေဖ်ာက္ ဘက္မွာ ေမြးကာစ သမီးေလး တစ္ေယာက္ကို စြန္႔ပစ္သြားျပန္ပါတယ္ရွင္….ဘာမွ မသိတ့ဲ ကေလးေတြ ဘဝ သနားဘို ့ေကာင္းပါတယ္..မစြန္႔ပစ္ၾကပဲ အဆင္ေျပေအာင္ ေမြးၾကပါရွင္..ကေလးန႔ဲ ပတ္သတ္ျပီး စံုစမ္းစရာမ်ား စံုစမ္းျပီး လိုအပ္ တာမ်ား ဆက္လက္ ေဆာင္ရြက္ေပးသြားပါမယ္ရွင္..” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ခိုင္နွင္းေဝကေတာ့ စြန့္ပစ္ခံရတဲ့ ကေလးငယ္ေတြကို ကူညီေစာင့္ေရွာက္ထားခဲ့တာ အခုဆိုရင္ ကေလးေပါင္းအေယာက္ေလး ဆယ္ေက်ာ္ကို ကယ္တင္ေစာင့္ေရွာက္ျပီးထားခဲ့ျပီ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Khine Hnin Wai’s fb
Credit– Cele Connections

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ လူတကာ မလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနစ်ပြီး လုပ်ကိုင်နေသူ မင်းသမီးလေးတစ်ယောက်အဖြစ် ကောင်းသတင်းမွှေးသူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ခိုင်နှင်းဝေပရဟိတအသင်းနဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသူတစ်ယောက်ပါပဲ။ ပရဟိတသမားတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေက အခုလို တိုင်းရေးပြည်ရေးမငြိမ်မသက်ဖြစ်နေစဉ်အချိန်မှာကို နေ့တိုင်းနီးပါး ကလေးငယ်လေးတွေ စွန့်ပစ် ခံနေရကြောင်းပြောလာတာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေက “ဒီ မနက် အစောကြီး တိုက်ကြီးမြို့နယ် အဖျောက် ဘက်မှာ မွေးကာစ သမီးလေး တစ်ယောက်ကို စွန့်ပစ်သွားပြန်ပါတယ်ရှင်….ဘာမှ မသိတဲ့ ကလေးတွေ ဘဝ သနားဘို ့ကောင်းပါတယ်..မစွန့်ပစ်ကြပဲ အဆင်ပြေအောင် မွေးကြပါရှင်..ကလေးနဲ့ ပတ်သတ်ပြီး စုံစမ်းစရာများ စုံစမ်းပြီး လိုအပ် တာများ ဆက်လက် ဆောင်ရွက်ပေးသွားပါမယ်ရှင်..” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို ကူညီစောင့်ရှောက်ထားခဲ့တာ အခုဆိုရင် ကလေးပေါင်းအယောက်လေး ဆယ်ကျော်ကို ကယ်တင်စောင့်ရှောက်ပြီးထားခဲ့ပြီ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Khine Hnin Wai’s fb
Credit– Cele Connections