မဂၤလာပါ ပရိသတ္ႀကီးေရ အႏုပညာေလာကမွာ ေလးစားအားက်ၿပီး ပရိသတ္ေတြရဲ့ အခ်စ္ေတြကို အျပည့္အဝ ရရွိထားတဲ့ သူကေတာ့ ဝါရင့္မင္းသားႀကီး ခန္႔စည္သူပဲျဖစ္ပါတယ္။ ခန္႔စည္သူဟာ ယေန႔အခ်ိန္ထိလည္း အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္ နဲ႔လုပ္ကိုင္ေနတဲ့အျပင္ လူမႈေရးအက်ိဳးျပဳ ပရဟိတ လုပ္ငန္းေတြကိုလည္း လုပ္ကိုင္ေပးေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတစ္ပါးကို အျမဲကူညီေပးတတ္ၿပီး အလႉအတန္းေတြ ကိုလည္း ရက္ရက္ေရာေရာ လႉဒါန္းေပးခဲ့ တာေတြ႕ျမင္ရပါတယ္။

ခန္႔စည္သူရဲ့ အလႉေလးေတြကလည္း တျခားအလႉရွင္ေတြနဲ႔ စုေပါင္းကာ ဘယ္ေနရာေဒသမဆို ကိုယ္တိုင္ ကိုယ္က် သြားေရာက္လႉဒါန္းေပးကာ မွတ္တမ္းတင္ ပုံရိပ္ေလးေတြကို ပရိသတ္ေတြထပ္တူထပ္မၽွ ၾကည္ႏူးပီတိျဖစ္ရေအာင္ အျမဲေဖာ္ျပေပးပါတယ္။ ယေန႔ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွာေတာ့ ခန္႔စည္သူက ပရိသတ္ေတြၾကည္ႏူးပီတိျဖစ္ေစမယ့္ အလႉေလးတစ္ခုကို ထပ္မံျပဳလုပ္ခဲ့ပါတယ္။ ဒီအလႉေလးကေတာ့ သဃၤန္းကၽြန္းၿမိဳ႕နယ္မွာ ရွိတဲ့ အိမ္ေထာင္စုမ်ားအတြက္ အေျခခံစားေသာက္ ကုန္မ်ားကို တျခားအလႉရွင္ေတြနဲ႔ စုေပါင္းၿပီး လႉဒါန္းေပးခဲ့တာျဖစ္ပါတယ္။

ဒီအေၾကာင္းေလးနဲ႔ပတ္သက္ၿပီး ခန္႔စည္သူက ေျပာျပထားရာ မွာလည္း ” သဃၤန္းကၽြန္းၿမိဳ႕နယ္ (င/က)ရပ္ကြက္ရွိ အိမ္ေထာင္စု(၃၁၆)စု တို႔အတြက္ တစ္အိမ္ေထာင္လၽွင္ ဆန္(၆) ျပည္၊ဆီတစ္ဗူး၊ေငြက်ပ္ (၃၀၀၀)စီႏွင့္ထမင္းေၾကာ္ဘူး (၄၀၀) ကို လႉဒါန္းခဲ့ပါတယ္….ခက္ခဲရွားပါးေနတဲ့ ၾကားထဲက ပါဝင္လႉဒါန္းေပးၾကသူမ်ားအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္….Sumyat Myat Grace Htwe အလႉရွင္မ်ား က်န္းမာ၊ခ်မ္းသာၾကပါေစ”ဆိုၿပီးေရးသားထားပါေသးတယ္။ ကဲ….ပရိသတ္ႀကီးေရ အဖက္ဖက္က အဆင္မေျပတဲ့အခ်ိန္ေလးမွာ မြန္ျမတ္တဲ့ အလႉေလးကို ျပဳလုပ္ခဲ့တဲ့ ခန္႔စည္သူကို ဆုမြန္ေကာင္းေလး ေတာင္းေပးလိုက္ပါဦးေနာ္…။

Photo Credit – Kyaw Soe Win fb account
Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ အနုပညာလောကမှာ လေးစားအားကျပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရရှိထားတဲ့ သူကတော့ ဝါရင့်မင်းသားကြီး ခန့်စည်သူပဲဖြစ်ပါတယ်။ ခန့်စည်သူဟာ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့လုပ်ကိုင်နေတဲ့အပြင် လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတစ်ပါးကို အမြဲကူညီပေးတတ်ပြီး အလှူအတန်းတွေ ကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးခဲ့ တာတွေ့မြင်ရပါတယ်။

ခန့်စည်သူရဲ့ အလှူလေးတွေကလည်း တခြားအလှူရှင်တွေနဲ့ စုပေါင်းကာ ဘယ်နေရာဒေသမဆို ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းပေးကာ မှတ်တမ်းတင် ပုံရိပ်လေးတွေကို ပရိသတ်တွေထပ်တူထပ်မျှ ကြည်နူးပီတိဖြစ်ရအောင် အမြဲဖော်ပြပေးပါတယ်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ ခန့်စည်သူက ပရိသတ်တွေကြည်နူးပီတိဖြစ်စေမယ့် အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကတော့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ အိမ်ထောင်စုများအတွက် အခြေခံစားသောက် ကုန်များကို တခြားအလှူရှင်တွေနဲ့ စုပေါင်းပြီး လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး ခန့်စည်သူက ပြောပြထားရာ မှာလည်း ” သင်္ဃန်းကျွန်းမြို့နယ် (င/က)ရပ်ကွက်ရှိ အိမ်ထောင်စု(၃၁၆)စု တို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၆) ပြည်၊ဆီတစ်ဗူး၊ငွေကျပ် (၃၀၀၀)စီနှင့်ထမင်းကြော်ဘူး (၄၀၀) ကို လှူဒါန်းခဲ့ပါတယ်….ခက်ခဲရှားပါးနေတဲ့ ကြားထဲက ပါဝင်လှူဒါန်းပေးကြသူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်….Sumyat Myat Grace Htwe အလှူရှင်များ ကျန်းမာ၊ချမ်းသာကြပါစေ”ဆိုပြီးရေးသားထားပါသေးတယ်။ ကဲ….ပရိသတ်ကြီးရေ အဖက်ဖက်က အဆင်မပြေတဲ့အချိန်လေးမှာ မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ခန့်စည်သူကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်…။

Photo Credit – Kyaw Soe Win fb account
Credit