ပရိသတ်ကြီးရေ သီချင်းတွေကို ကိုယ်တိုင်ရေးသား သီဆိုရုံသာမက music arrangement တွေပါ ကောင်းမွန်စွာ ဖန်တီးပြုလုပ်နိုင်သူကတော့ အဆိုတော် မျိုးကျော့မြိုင် ပဲ ဖြစ်ပါတယ်။ သူကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ လူငယ်အဆိုတော်တွေပါ လေးစားအားကျနေရသူ တစ်ဦးဖြစ်ပါတယ်။ မျိုးကျော့မြိုင် သီဆိုထားတဲ့ ” အမှတ်တရသင်္ကြန် ” သီချင်းဟာလည်း ဒီနေ့ချိန်အထိ အောင်မြင်မှုရရှိနေဆဲ ဖြစ်ပါတယ်…။

သီချင်းတွေအပေါ် စွဲလန်းရူးသွပ်လွန်းတဲ့ မျိုးကျော့မြိုင် ကတော့ မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့လူမှုကွန်ယက်တွင် မေ (၃၁) ရက်နေ့တိုင်း လုပ်နေကျအရာလေးတစ်ခုကို ဒီနှစ်မှာ ပြုလုပ်ခွင့်မရတဲ့အတွက် စိတ်မကောင်းဖြစ်နေကြောင်း ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။ သူကတော့ အနုပညာစလုပ်ဖြစ်ခဲ့တဲ့ ၁၉၈၆ မေလ ၃၁ရက်နေ့မှာ ” မေ ၃၁ ” ဆိုတဲ့ အချစ်သီချင်းတစ်ပုဒ်ကို စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီနေ့လေးမှာ သူ့ရဲ့ အသစ်သစ်သော ဖန်တီးမှုတွေကို ပရိသတ်ေ တွအား ချပြလေ့ရှိတာ ဖြစ်ပါတယ်…။

ယခုနှစ် မေ (၃၁) ရက်နေ့မှာတော့ ဂီတနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ဘာတစ်ခုမှ လုပ်ခွင့်မရတဲ့အတွက် စိတ်မကောင်းဖြစ်နေကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ ” ဒီနေ့ဟာ ကျွန်တော့်အတွက် တကယ်အရေးကြီးတဲ့ နေ့တစ်နေ့ပါပဲ ၊အနုပညာ စလုပ်ဖြစ်တဲ့ 1986 ကတည်းက မေ ၃၁ ရက်နေ့မှာ “မေ၃၁”ဆိုတဲ့အချစ်သီချင်းတစ်ပုဒ် ကို စထုတ်လုပ်ခဲ့ပါတယ် ၊နောက် တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်ရင်းလည်း မေ ၃၁ ရက် ရောက်တိုင်း ကိုယ့်ရဲ့ အနုပညာ ဖန်တီးမှု အသစ်တွေ ထုတ်လုပ်တာပဲ ဖြစ်ဖြစ် ၊တခြားအနုပညာရှင်တွေနဲ့ အတူ သီချင်းတွေဖန်တီးရင်း ကျော်ဖြတ်တာပဲ ဖြစ်ဖြစ် ၊ အမှတ်တရ တစ်ခုမဟုတ်တစ်ခုရှိအောင် လုပ်ခဲ့ ပါတယ်…။

အဲဒီနေ့ကို အနုပညာသမားတိုင်း လွတ်လပ်စွာ ပရိသတ်တွေနဲ့ မနက်ကနေ ညအထိ ဖျော်ဖြေမှုတွေ ၊ တွေ့ဆုံပွဲတွေ ၊တီထွင်ဖန်တီးမှု အသစ်အဆန်း တွေ ၊ပြိုင်ပွဲမဟုတ်တဲ့ Live တင်ဆက်မှုတွေ ၊ Talent ကို အထောက်အကူ ပေးမဲ့Seminars တွေ Technology နဲ့ ပတ်သက်တဲ့ Updates တွေ နဲ့ တစ်နေကုန်အကျိုးရှိရှိ အားလုံးအတွက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ် အောင် စနစ်တကျ စလုပ်ဖို့ ရည်ရွယ်ချက်ကြီးခဲ့ပါတယ် ၊ဘယ်တုန်းကမှ အခုလို သီချင်းတွေ ရပ်သွားပြီး ၊ အနုပညာ အတတ်ပညာတွေ ပျောက် သွားတဲ့နေ့တနေ့ ဖြစ်လာမယ်လို့ မတွေးထားမိခဲ့တာပါ ၊ နောက်လာမဲ့နှစ်တွေမှာတော့ ကျွန်တော်တို့ ရှိရှိ မရှိရှိ အနုပညာနဲ့ ပတ်သက်တဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ကောင်းတဲ့ မေ၃၁ ရက်နေ့လေး ပြန်ဖြစ် စေချင်ပါတယ် ။မျိုးကျော့မြိုင် ၂၀၂၁ မေလ ၃၁ရက် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်…။

ပရိသတ်များကလည်း ဒီပို့စ်အောက်တွင် မျိုးကျော့မြိုင် အတွက် အားပေးစကားတွေ ရေးသားထားကြတာ ဖြစ်ပါတယ်။ ဂီတသမားများအတွက်ကတော့ သူ့ရဲ့ သံစဉ်တွေနဲ့ သီချင်းများဟာ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေ ဖြစ်ကြပါတယ်။ မျိုးကျော့မြိုင်တစ်ယောက် နောက်နှစ် မေ၃၁ ရက်နေ့မှစပြီး နှစ်စဉ်နှစ်တိုင်း ဂီတနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်…။

crd; MM Load