Credit – CeleKhitThit
ချစ်ပရိသတ်​ကြီးရေ (၁၉၉၁ )ခုနှစ်ကစကာ ဗီဒီယိုလောကထဲကို တိုက်ရိုက်ဝင်ရောက်လာပြီး စူပါမင်းသားရန်အောင်နဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ ” ကြေးစားနှလုံးသား ” ဇာတ်ကားက မင်းသမီးကြီးထွန်းအိန္ဒြာဗိုလ်ရဲ့ အနုပညာအစပထမဦးဆုံး ခြေလှမ်းလို့ဆိုရမှာပါ။ပထမဦးဆုံးဇာတ်ကားနဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့ပြီး ရုပ်ရှင် ဗီဒီယို ဇာတ်ကားပေါင်း( ၁၀၀)ကျော်ရိုက်ကူးနိုင်ခဲ့ခြင်းကတော့ ပရိသတ်အားပေးမှု ကြမ်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဒါဟာ သူမဘဝရဲ့ မှတ်တိုင်တွေပဲ ဖြစ်ပါတယ်။
ရုပ်ရှင်ဗီဒီယိုမင်းသမီးအဖြစ်နဲ့ အောင်မြင်မှုက မရပ်တန့်သွားပဲ( ၁၉၉၃) ခုနှစ်မှာတော့ တေးရေးမောင်သစ်မင်း အဆိုတော်မျိုးကျော်မြိုင်တို့နဲ့အတူ သူမရဲ့ ပထမဦးဆုံး သီချင်းအယ်လ်ဘမ်ကို ထုတ်ဝေခဲ့ပါတယ်..Duet album (၇)ခွေ Collaborative album (၇)ခွေ တို့က သူမရဲ့ သရုပ်ဆောင်မင်းသမီဘဝအပြင် အဆိုတော်ဘဝအနေနဲ့ပါ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့တာပါ။အကယ်ဒမီ (၃ )ထပ်ကွမ်းအပြင် ဇကာတင် (၄)ကြိမ်ရရှိသည်အထိ အောင်မြင်ပြီး အဆိုတော်ဘက်မှာလဲ City FMရဲ့ Music Awards တွေကို လေးကြိမ်တောင် ရရှိခဲ့သူပါ။
ဒီနေ့မှာတော့”မင်္ဂလာ နှစ်သစ်အကြို ဆုတောင်းပါတယ်ရှင့် …”ဆိုတဲ့စာလေးနဲ့ ဗီဒီယိုဖိုင်လေးမှတဆင့်နှစ်သစ်မှာအားလုံးပျော်ရွှင်ကြပြီးဘေးအန္တရာယ်​ကင်းဝေးကာ ရောဂါအားလုံးကျော်ဖြတ်နိုင်ဖို့ အတွက် ရရက်သားသမီးအားလုံးကို ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။
Source : Htun Aeaindra Bo
Credit – CeleKhitThit