ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော မိုးဟေကို ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်.။ မိုးဟေကိုကတော့ ညှို့ချက်ပြင်းပြင်း မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ကာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး မင်းသမီးတစ် လက်အဖြစ်နဲ့ အောင်မြင်မှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်နော်.။
သရုပ်ဆောင် မင်းသမီး မိုးဟေကိုကတော့ ညှို့ချက်ပြင်းတဲ့ ရွှေရောင်အသားရည်ပိုင်ရှင် မင်းသမီးတစ်လက်ဖြစ်ပြီး အသက်အရွယ်တစ်ခု ရောက်လာပေမယ့်လည်း ရင့်ကျက်တဲ့ အလှတွေနဲ့ ပိုလို့တောင် လှပလာသူလေးပဲဖြစ်ပါတယ်နော်.။ မင်းသမီးတစ်ယောက်အနေနဲ့ အမာခံ အားပေးသူ ပရိသတ်တွေလည်း ရရှိထားသူ မိုးဟေကိုကတော့ (၂၀၂၁)ခုနှစ်ရဲ့ ပထမဆုံးနေ့လေးမှာ စပရိုက်လက်ဆောင်ရရှိခဲ့တဲ့အကြောင်းလေးကို အခုလိုပဲ တင်လာခဲ့ပါတယ်.။
“Happy New Year 2021 နိုးနိုးချင်းမှာပဲ အိမ်ရှေ့မှာ နှင်းဆီပန်း 365 ပွင့်နဲ့ surprise တဲ့ Moreian လေးတွေကို ချစ်တယ်နော်.။” ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။ အမာခံအားပေးသူပရိသတ်လေးတွေက နှင်းဆီပန်း(၃၆၅)ပွင့်ကို “နေ့တိုင်း သတိရတယ်” ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ မိုးဟေကိုလေးအတွက် ပေးပို့ခဲ့ပုံပါပဲ.။
မိုးဟေကိုကတော့ ချစ်တဲ့ Moreian လေးတွေရဲ့ Surprise လက်ဆောင်လေးကြောင့် ပျော်ရွှင်သဘောကျမဆုံးဖြစ်နေပုံပါပဲနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ချစ် ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိ်ုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။
Source: Moe Hay Ko’s Facebook
Credit ; Cele Active World)