Source : Yone Lay
Credit – CeleKhitThit
ချစ်ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင် ယုန်လေးကတော့ အနုပညာအပေါ် ချစ်ပြီးအနုပညာလမ်းမှာ လျှောက်လှမ်းဖို့ ခက်ခဲနေတဲ့ တက်သစ်လူငယ်တွေကို ကူညီပံ့ပိုးနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဒုက္ခရောက်သူတိုင်းကို အမြဲ တတ်နိုင်သလောက် အကူအညီပေးတတ်တဲ့ စိတ်ထားကောင်းလွန်းတဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာမောင်နှမတွေအပြင် ပရိသတ်တွေကပါ လေးစားချစ်ခင်နေကြရတာပါ။
သီချင်းသစ်တွေမှာလည်း တက်သစ်စလူငယ်တွေကို တွဲခေါ်ကာ မြေတောင်မြှောက်ပေးလေ့ရှိသူဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုသာမက ပရဟိတလုပ်ငန်းတွေကိုလည်း ထိပ်ဆုံးကလုပ်ဆောင်နေသူတစ်ဦးပါ။ အမြဲပျော်​ပျော်နေတတ်ပြီး မသိလို့အမှားတွေပြုလုပ်ခဲ့ရင်လည်း ပရိသတိတွေကျေနပ်လောက်တဲ့ထိ တောင်းပန်တတ်တဲ့ ရိုးသားတဲ့အနုပညယရှင်တစ်ဦးပါပဲနော်။
လက်ရှိမှာတော့ ” မနေ့က ၁ရက်နေ့ နှစ်သစ်မှာ အလုပ်လေး နဲ့ စဖြစ်တယ် . ကိုလူချောတွေလည်း အများကြီးပါတယ်။အကုန် အလုပ်ကို ပျော်ပျော်ရွှင်ရွှင် ဖြစ်လုပ်ဖြစ်ခဲ့့ပါတယ် ။ယုံယုံကြည်ကြည် နဲ့ ရိုက်ကူးဖို့ အလုပ်အပ်ပြီး
ဆန် နွေ ဆီ နှင့်လိုအပ်သည်များကိုလှူပေးတဲ့ Steel Dragon မိသားစုကိုလည်း အထူးကျေးဇူးတင်ပါတယ် ။”ဆိုတဲ့စာလေးနဲ့ သတင်းကောင်းလေးကိုဝေမျှခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။
Source : Yone Lay
Credit – CeleKhitThit