



ချစ်ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဂယက်ထခဲ့တဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသား မြင့်မြတ်ရဲ့ မိသားစုကိစ္စတွေနဲ့ ပက်သတ်ပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သူ့ရဲ့ အတွင်းရေးနဲ့ ပက်သတ်ပြီး ဘာကိုမှ ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် မြင့်မြတ်ရဲ့မိခင်နဲ့တကွ မြင့်မြတ်ကိုချစ်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကတော့ မြင့်မြတ်ရဲ့ဘက်ကနေပြီး အမှတ်တရားတစ်ခုကို ဖော်ထုတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ မြင့်မြတ်ဘက်ကတော့ သူ့ရဲ့ ဖခင်ကို ဘာမှတုံ့ပြန်ခြင်းမရှိပဲ သူတစ်ယောက်တည်းသာ အေးအေးဆေးဆေးလေးနေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မြင့်မြတ်တစ်ယောက် ရက်အနည်းငယ်အဆက်အသွယ်ပြတ်တောက်သွားတာကြောင့် စိတ်ပူနေကြပေမယ့် မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့ နှစ်သစ်ကူးညမှာ မြင့်မြတ်က K ညီ၊ ယုန်လေးတို့နဲ့ အတူတူ ပျော်ရွှင်စွာရှိနေပြီး ပရိသတ်တွေရဲ့ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် New Year ညလေးမှာ ပျော်ရွှင်စွာရှိနေကြတဲ့ ယုန်လေး၊ K ညီနဲ ့မြင့်မြတ်တို့ သူငယ်ချင်းတွေရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

အကယ်ဒမီ သရုပ်ဆောင် မြင့်မြတ်ကတော့ သားလိမ္မာတစ်ယောက်ပီပီ သူ့ရဲ့ဖခင်ကိုလည်း ဘာကိုမှ တုံ့ပြန်ခြင်းမရှိသလို သူတစ်ယောက်တည်းသာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေနေခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်တစ်ယောက် စိတ်သက်သာရာရပြီး မကြာခင်အချိန်အတွင်း အလုပ်တွေကို ပြန်လည်လုပ်ကိုင်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source:Yone Lay & K Nyi’s fb
Credit– Cele Connections