စစ္ေကာင္စီရဲ့ ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ျခင္း ခံထားရတဲ့ သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာ ယေန႔၊ ဧၿပီလ ၈ ရက္ေန႔၊ မနက္ ၅ နာရီ အခ်ိန္ခန႔္က ရန္ကုန္ၿမိဳ႕ရွိ ေျမာက္ဒဂုံေနအိမ္မွာ ဖမ္းဆီးခံခဲ့ရတယ္လို႔ သိရပါတယ္။

ပိုင္တံခြန္ဟာ လက္ရွိ ေနထိုင္မေကာင္းျဖစ္ကာ က်န္းမာေရး ဆိုးရြားေနၿပီး၊ ပိုင္တံခြန္အား အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ဝိုင္းဝန္း ဆုေတာင္းေပးၾကပါဦးလို႔ အစ္မျဖစ္သူ ေမခ်စ္ေသြးက ဆိုပါတယ္။

“ဒီေန႔ မနက္ ၅ နာရီမွာ ရဲနဲ႔ စစ္သား ကား ၈ စီးနဲ႔ ပိုင္တံခြန္ကို လာဖမ္းသြားၾကပါၿပီ။ ေျမာက္ဒဂုံအိမ္မွာ လာဖမ္းသြားတာပါ။ Speak Out မ်ားမ်ားေလး လုပ္ေပးၾကပါ။ က်န္းမားေရး အရမ္းဆိုးေနလို႔ ဝိုင္းဝန္း ဆုေတာင္းေပးၾကပါဦး”လို႔ ပိုင္တံခြန္ရဲ့ အစ္မ ေမခ်စ္ေသြးက ဆိုပါ တယ္။

crd ; Ayarwaddy

စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခြင်း ခံထားရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ ယနေ့၊ ဧပြီလ ၈ ရက်နေ့၊ မနက် ၅ နာရီ အချိန်ခန့်က ရန်ကုန်မြို့ရှိ မြောက်ဒဂုံနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပိုင်တံခွန်ဟာ လက်ရှိ နေထိုင်မကောင်းဖြစ်ကာ ကျန်းမာရေး ဆိုးရွားနေပြီး၊ ပိုင်တံခွန်အား အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦးလို့ အစ်မဖြစ်သူ မေချစ်သွေးက ဆိုပါတယ်။

“ဒီနေ့ မနက် ၅ နာရီမှာ ရဲနဲ့ စစ်သား ကား ၈ စီးနဲ့ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ။ မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ။ Speak Out များများလေး လုပ်ပေးကြပါ။ ကျန်းမားရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦး”လို့ ပိုင်တံခွန်ရဲ့ အစ်မ မေချစ်သွေးက ဆိုပါ တယ်။

crd ; Ayarwaddy