Source ; Taingkyaw Facebook Acc
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဟားငါးကောင်လူရွှင်တော်အဖွဲ့ဟာဆိုရင် မရိုးနိုင်တဲ့ဟာသပျက်လုံးအသစ်အဆန်းတွေကို တီထွင်ရင်း ပရိတ်သတ်တွေရဲ့ တစ်နေ့တာအမောတွေကိုပြေပျောက်နိုင် အောင်ဖျော်ဖြေနိုင်တဲ့ လူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုနဲ့ အတူတစ်သားထဲရပ်တည်ပြီီီီီီး လူထုလှုပ်ရှားမှုမှာတက်တက်ကြွကြွပါဝင်ခဲ့တာပဲဲဖြစ်ပါတယ်..။
အခုဆိုရင်လည်း ဟားငါးကောင်အဖွဲ့က လွတ်မြောက်ရေးနယ်မြေမှာ ဆင်းရဲဒုက္ခများစွာနဲ့ခက်ခက်ခဲခဲစစ်ပညာကို သင်ယူနေကြတာပဲဖြစ်ပါတယ်။ အခုလိုအစစ အရာရာအဆင်ပြေစွာနဲ ့နေထိုင်နေရပေမယ့်လည်း ဒီကနေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် မြန်မာနိုင်ငံရဲ့မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့လေးကို တောထဲကနေပြီးရှိတာလေးနဲ့ အဆင်ပြေအောင်ကျင်းပပြုလုပ်ပေးတာကိုတွေ့မြင်ရပါတယ်ပရိတ်သတ်ကြီးရေ..။
ဟားငါးကောင်အဖွဲ့က သူတို့နှစ်နဲ့ချီပြီးသောက်ခဲ့ကြတဲ့အရက်ကို အမေစုအတွက်မွေးနေ့လက်ဆောင်အဖြစ် သစ္စာဆိုလှူခဲ့ကြတာကိုလည်း လူရွှင်တော်တိုင်းကျော် က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေကလည်းဟားငါးကောင် ရဲ့မွေးနေ့လက်ဆောင်လေးကြောင့် မျက်ရည်ကျတဲ့အထိ ကျေနပ်ပီဖြစ်ခဲ့ရပါတယ်။ ဒီကနေ့မှာဆိုရင်လည်း အမေ့အတွက်မွေေးန့ကိတ်ကြီးနဲ ့နှင်းဆီပန်းတွေဝေနေအောင်ပန်ပြီး ” အမေနဲ့အတူ ” ဟုဆိုတဲ့စာလေးနဲ့ စပရိုက်လုပ်ခဲ့ကြတဲ့ဟားငါးကောင်ရဲ့ ချစ်စရာကောင်းနေကြတဲ့ပုံရိပ်လေးကို ပရိတ်သတ်ကြီးအားကြည်နူးပီတိဖြစ်စေရန် တစ်ဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။
ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; Celebrity Platforms