


Credit– Cele Zone

ချစ်လှစွာသောပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အနုပညာရှင်တော်တော်များက ပြည်သူတွေနဲ့ အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့ကြပါတယ် ။ လှုပ်ရှားမှုတွေဆိုရင်လည်း အစွမ်းကုန်ပါဝင် ခဲ့တာကြောင့် ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခံထားရသူတွေလည်းရှိသလို ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေလည်း ရှိနေခဲ့ပါတယ်..။

ဘယ်လို အခြေအနေတွေပဲဖြစ်ဖြစ် စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို ပြည်သူတွေက အရင်ထက် ပိုပြီးလေးစား အချစ်ပိုခဲ့ကြပါတယ် ။ ယနေ့ ဇွန်လ (၁၉) ရက်နေ့လေးကတော့ မြန်မာနိုင်ငံသားတွေ လေးစားချစ်ခင်ရတဲ့ အမေ ဒေါ်အောင်ဆန် းစုကြည်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့ဖြစ်ရာ ပန်းလေးတွေကို တယုတယအမြဲ ဆင်မြန်းတတ်တဲ့ သူမအတွက် အမှတ်တရ အနေနဲ့ ပန်း သပိတ်လေးကို ပြည်သူအားလုံး ဆင်နွှဲခဲ့ကြပါတယ်..။

ဒီသပိတ်လေးကို ပြည်သူပြည်သား လူတန်းစားမျိုးစုံ ပါဝင်ဆင်နွှဲကြသလို အနုပညာရှင်တွေများစွာကလည်း ပါဝင်ခဲ့ကြပါတယ် ။ မင်းသားတွေဆိုရင်လည်း ယောကျာ်းလေးတွေ ဖြစ်ပေမယ့် ပန်းလေးကိုတော့ နားနောက်မှာ ပန်ကာ ပါဝင်ခဲ့ကြတာ တကယ်လေးစားစ ရာပါပဲ ။ ပရိသတ်ကြီးအတွက် ပန်းသပိတ်မှာ ပါဝင် ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်
ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Photo – Celebrity