


Source & Photo Credit-Win Myaing’s FB Acc & Aung Moe’s FB Acc

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ ဇာတ်ကားပေါင်းများစွာရိုက်ကူးရင်း နေရာတစ်နေရာရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုအောင်မိုး ဟာဆို ရင် သရုပ်ဆောင်ပိုင်းမှာကျွမ်းကျင်ပိုင်နိုင် တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကိုအောင်မိုးကတော့ မနေ့ကပဲ ဘဝတစ်ပါးပြောင်းသွားပြီဖြစ်ကြောင်း သိရပါတယ်။ ဦးအောင်မိုးက ဇွန်လ (၁၈) ရက်နေ့၊နေ့လည် (၁၅း၃၅) မိနစ်အချိန်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အသက် (၅၀) အရွယ်ရှိပြီဖြစ်တဲ့ ဆီးချိုရောဂါ၊နှလုံးရောဂါတွေနဲ့ သေဆုံးသွားရတာဖြစ်ကြောင်း သရုပ်ဆောင်ဦးဝင်းမြိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာ တွေ့ရပါတယ်..။

ဇွန်လ (၁၀) ရက်နေ့တုန်းကလည်း သရုပ်ဆောင်ဦးအောင်မိုးက သူနေမကောင်းဖြစ်နေတဲ့အကြောင်းကို ပရိသတ်တွေဆီ အသိပေးခဲ့တာ ဖြစ်ပါတယ် ။ ဦးအောင်မိုးက သူခံစားနေရတဲ့ ဝေဒနာတွေကို ပြောပြရင်း မနက်ကျရင် ဆေးရုံတက်ရတော့မှာဖြစ်ကြောင်း ပြောထားတာ ဖြစ်ပါတယ် ။ ဒီစာကတော့ ဦးအောင်မိုးအနေနဲ့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ နောက်ဆုံးမျှဝေသွားခဲ့တဲ့ စာလေးပဲ ဖြစ်ပါတယ်..။

ဒီစာလေးကိုဖတ်ရင်း သူ့ရဲ့ပရိသတ်တွေကလည်း အခုဆိုရင် အရမ်းစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ စာထဲမှာတော့ ဦးအောင်မိုးက “ ငါ့အဖြစ်ကဆိုး ပါတယ် ချောင်းတွေအရမ်းဆိုးတာ ရင်ဘတ်တွေ ကျောတွေအောင့်ပြီး အိပ်မရလှဲမရနဲ့ ဒီညကို ဘလိုဖြတ်သန်းရမှာလဲ 😭 ” ဟုဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးအောင်မိုးတစ်ယောက် ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း
သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; MMLoad