Source and Video credit ; Myanmar Celebrity TV
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ဇာတ်သဘင်လောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေနဲ့အတူ ပရိတ်သတ်အားပေးမှုတွေကိုအခိုင်အမာရရှိခဲ့တဲ့ ဇာတ်မင်းသားချော စွမ်းဇာနည်ဟာဆိုရင် ဇာတ်သဘင်လောကမှာတင်မကပဲ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဇာတ်မင်းသားချော စွမ်းက ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများစွာတွေမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် စွယ်စုံတော်တဲ့မင်းသားချောလေးဖြစ် တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်..။
မင်းသာချောစွမ်းဇာနည်က တစ်ချိန်တုန်းကအရမ်းကိုဆိုးသွမ်းခဲ့ပြီ အနုပညာလောက ကနေခဏတာပျောက်ကွယ်သွားခဲ့ပါသေးတယ်နော်။စွမ်းဇာနည်က ယခုအချိန်မှာဆိုရင်တော့ လိမ်လိမ်မာမာနဲ့အေးအေးဆေးဆေးဖြစ်လာပြီး အလုပ်တွေကိုပြန်လည်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ စွမ်းတစ်ယောက်အခုလို လိ်မ္မာသွားတဲ့အတွက် ပရိတ်သတ်တွေက အရမ်းကိုသဘောကျနေကြတာပဲဖြစ်ပါတယ်..။
ဇာတ်မင်းသားချောလေး စွမ်းဇာနည်က မော်လမြိုင် ရွှေတောင်ကျောင်းတိုက်မှာ ဦးဇင်း အရှင်သစ္စာနန္ဒဆိုတဲ့ဘွဲ့အမည်ဖြင့်သတင်းသုံးနေတာပဲဖြစ်ပါတယ်။ ရဟန်းဝတ်ဖြစ်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး စွမ်းကအခုလိုပဲပြောပြ လာခဲ့တာပဲဖြစ်ပါတယ်။ “ ရက် အကန့်အသက် မရှိ ဦးဇင်း ဝတ်မှာပါ။ ဦးဇင်းဝတ်နဲ့ သာသနာ့ဘောင်မှာ တရား အားထုတ်ရတာကို ပျော်မွေ့နေပါပြီ။ ပရိသတ်တွေက မူးယစ်ဆေးဝါး သုံးခဲ့တုန်းကလည်း အားပေးခဲ့တယ်.. အရက်သမားမှန်း သိပေမယ့်လည်း အားပေးခဲ့ကြတယ်။ အခုလို လိမ္မာသွားပြီ ဆိုတော့ သူတို့ ဘယ်လောက် ဝမ်းသာလိုက်မလဲ ” ဟုဆ်ိုပြီးပြောပြလာခဲ့တဲ့ ဗီဒီယိုလေးကို ပရိတ်သတ်တွေအားတစ်ဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; Celebrity Platforms