ပရိသတ္ႀကီးေရ မေန႔ကေတာ့ ကမၻာေပၚမွာ ႀကီးမားတဲ့ ေမတၱာတရားေတြနဲ႔ သားသမီးေတြကို ျပဳစုေစာင့္ေရွာက္ေပးၾကတဲ့ ဖခင္ေတြကို ဂုဏ္ျပဳေသာအားျဖင့္ အေဖမ်ားေန႔အျဖစ္ သတ္မွတ္ထားၾကတာ ျဖစ္ပါတယ္။ အေဖမ်ားေန႔မွာ သားသမီးတိုင္းက သူတို႔ရဲ့ ဖခင္ေတြအေပၚမွာ ဘယ္ေလာက္ထိခ်စ္ေၾကာင္းကိုလူမႈကြန္ယက္မ်ားေပၚတြင္ ေရးသားေဝမၽွထားၾကတာကိုလည္း ျမင္ေတြ႕ရပါတယ္…။

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းရဲ့ သမီးျဖစ္သူ ေလေျပေသြးကလည္း အေဖမ်ားေန႔အထိမ္းအမွတ္အျဖစ္ အမွတ္တရပုံေလးနဲ႔အတူ ေဖေဖကိုလြမ္းေနၿပီျဖစ္ေၾကာင္း အခုလို ေရးသားထားတာ ျဖစ္ပါတယ္။ေလေျပကေတာ့ ေရကူးကန္ထဲတြင္ သူတို႔ ေမာင္ႏွမႏွစ္ေယာက္ကို ခ်ီထားတဲ့ ေဖေဖ မင္းေမာ္ကြန္းနဲ႔ ပုံေလးကို တင္ထားၿပီး ” Happy Father’s Day Phay ❤️ miss you “ ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္…။

မင္းေမာ္ကြန္း ကိုေတာ့ျမန္မာနိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာ ပါဝင္လႈပ္ရွားခဲ့တဲ့ အတြက္ ပုဒ္မ၅၀၅(က) ျဖင့္ တရားစြဲဆိုအေရးယူထားတာေၾကာင့္ ေဘးကင္းရာသို႔ တိမ္းေရွာင္ေနရတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း သူခ်စ္ရတဲ့ မိသားစုနဲ႔ ခြဲခြာၿပီး ေနေနရတဲ့ မင္းေမာ္ကြန္းအတြက္ စိတ္မေကာင္း ျဖစ္ေနၾကတာပါ…။

ေလေျပတင္ထားတဲ့ ပို႔စ္ေအာက္တြင္လည္း အေရးေတာ္ပုံႀကီး အျမန္ဆုံး ေအာင္ျမင္ၿပီး မိသားစုေတြ ျပန္ဆုံနိုင္ပါေစလို႔ ဆုေတာင္းေပးထားၾကတာကိုလည္း ျမင္ေတြ႕ရပါတယ္။ သူခ်စ္ရတဲ့ မိသားစုနဲ႔ ေခတၱခြဲခြာၿပီး ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရပ္တည္ေပးတဲ့ မင္းေမာ္ကြန္း ရဲ့စိတ္ဓာတ္ကလည္း ေလးစားဂုဏ္ယူစရာပါပဲ။အားလုံးလည္း ဒီအေျခအေနကေန အျမန္ဆုံးလြတ္ေျမာက္ၿပီး ခ်စ္ရသူမ်ားနဲ႔ ျပန္လည္ဆုံဆည္းနိုင္ၾကပါေစလို႔ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္…။

Credit

ပရိသတ်ကြီးရေ မနေ့ကတော့ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ မေတ္တာတရားတွေနဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ပေးကြတဲ့ ဖခင်တွေကို ဂုဏ်ပြုသောအားဖြင့် အဖေများနေ့အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ အဖေများနေ့မှာ သားသမီးတိုင်းက သူတို့ရဲ့ ဖခင်တွေအပေါ်မှာ ဘယ်လောက်ထိချစ်ကြောင်းကိုလူမှုကွန်ယက်များပေါ်တွင် ရေးသားဝေမျှထားကြတာကိုလည်း မြင်တွေ့ရပါတယ်…။

သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးဖြစ်သူ လေပြေသွေးကလည်း အဖေများနေ့အထိမ်းအမှတ်အဖြစ် အမှတ်တရပုံလေးနဲ့အတူ ဖေဖေကိုလွမ်းနေပြီဖြစ်ကြောင်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။လေပြေကတော့ ရေကူးကန်ထဲတွင် သူတို့ မောင်နှမနှစ်ယောက်ကို ချီထားတဲ့ ဖေဖေ မင်းမော်ကွန်းနဲ့ ပုံလေးကို တင်ထားပြီး ” Happy Father’s Day Phay ❤️ miss you “ ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်…။

မင်းမော်ကွန်း ကိုတော့မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့ အတွက် ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူထားတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူချစ်ရတဲ့ မိသားစုနဲ့ ခွဲခွာပြီး နေနေရတဲ့ မင်းမော်ကွန်းအတွက် စိတ်မကောင်း ဖြစ်နေကြတာပါ…။

လေပြေတင်ထားတဲ့ ပို့စ်အောက်တွင်လည်း အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်ပြီး မိသားစုတွေ ပြန်ဆုံနိုင်ပါစေလို့ ဆုတောင်းပေးထားကြတာကိုလည်း မြင်တွေ့ရပါတယ်။ သူချစ်ရတဲ့ မိသားစုနဲ့ ခေတ္တခွဲခွာပြီး ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးတဲ့ မင်းမော်ကွန်း ရဲ့စိတ်ဓာတ်ကလည်း လေးစားဂုဏ်ယူစရာပါပဲ။အားလုံးလည်း ဒီအခြေအနေကနေ အမြန်ဆုံးလွတ်မြောက်ပြီး ချစ်ရသူများနဲ့ ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်…။

Credit