Source; The Khit Nay’s Fb Acc
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိ်ုက်ကူးထားတဲ့ ဒါရိုက်တာသည်ခေတ်နေဟာဆိုရင် ဖေဖော်ဝါရီလအစ ပိုင်းကတည်းက နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ သည်ခေတ်နေက လူထုလှုပ်ရှားမှုမှာလည်း အားကြိုးမာန်တက်ပါဝင်ခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သည်ခေတ်နေက အမှန်တရားဘက်မှာရဲဝင့်စွာရပ်တည်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရတာပဲဖြစ်ပါတယ်..။
​သည်ခေတ်နေကတော့ ရှောင်တိမ်းနေရပေမယ့်လည်း လတ်တလောအခြေအနေတွေနဲ့ပတ်သက်ပြီး အမှန်တရားတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ် ဆင့် အမြဲမျှဝေပေးလေ့ရှိပါတယ်။ ဒီကနေ့မှာဆိုရင်လည်း သည်ခေတ်နေကလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သတိအရဆုံးလူတစ်ယောက် အကြောင်းကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်..။
အဲ့ဒါကတော့ မတရားမှုမှန်သမျှကို လက်ပိုက်ကြည့်မနေတတ်တဲ့ မင်းသွေးရဲ့အကြောင်းကိုသတိတရနဲ ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။ သည်ခေတ်နေက “ ဒီအချိန်မှာ သတိအရဆုံးလူ။ကိုယ့်ကိုဒါရိုက်တာအဖြစ် ပထမဆုံးပေးရိုက်ခဲ့တဲ့လူ။ မတရားမှုမှန်သမျှကို စောက်ရမ်းမုန်းတတ်တဲ့လူ။ နောက်ပိုင်းတော့…ကြားထဲကသွေးခွဲတဲ့ပရမ်းပတာအချို့ကြောင့် သူနဲ့သိပ်မဆုံဖြစ်တော့ပါဘူး။ ဒီအချိန်သာသူရှိနေရင်သူပြောနေကျ-“ အဓိပ္ပါယ်မဲ့လိုက်ကြတာဗျာ ” ဟုဆိုတဲ့စကားပဲပြောနေဦးမလား။😌 ” ဟုဆိုပြီးမင်းသွေးသာခုချိန်ရှိနေခဲ့ရင်ပြောမယ့်စကားလေးကို သတိတရနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ သည်ခေတ်နေပြောပြလာတဲ့ မင်းသွေးအကြောင်းလေးကိုဖတ်ရင်းမင်းသွေးကို သတိရသွားတာတော့အမှန်ပါပဲ။ ပရိတ်သတ်ကြီးကလည်းဒီအကြောင်းလေးကို ဖတ်ရင်းမင်းသွေးကိုသတိရသေးရင်တစ်ခုခုပြောခဲ့ပါအုံး၊။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; Celebrity Platforms