

တယ်နော်..။

Credit – Cele Zone

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ဟာသမင်းသမီးလေးအဖြစ် အားလုံးကသိကြတဲ့ ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုကင်းပြီး ဖော်ရွေလွန်းသူလေး ဖြစ်ပါတယ် ။ နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အချိန်ခဏလေးအတွင်းမှာတင် ကြီးမားတဲ့ေ အာင်မြင်မှုတွေကို ရရှိခဲ့တာပါ ။ ဒါ့အပြင် ဟာသဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာ ရရှိခဲ့သူလေးပဲဖြစ်ပါတယ်..။

ဖြူဖြူထွေးဟာ သူမ ရရှိတဲ့ အနုပညာကြေးလေးတွေကိုလည်း မကြာခဏဆိုသလို လိုအပ်သူတွေကို တတ်နိုင်သလောက် လှူဒါန်းလေ့ရှိရာ ပရိသတ်တွေရဲ့ ချစ်ခြင်း မေတ္တာကိုအပြည့်အဝ ရရှိထားသူလေးပါ။ ဒီနေ့မှာတော့ မကြာခင်ရက်ပိုင်းက မီးဘေးဒဏ်ကြောင့် တစ်ရွာလုံးနီးပါး ပျက်စီ းခဲ့ရတဲ့ ကင်းမရွာလေးကို လိုအပ်တာများ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြောင်းဖော်ပြလာပါတယ်..။

ကင်းမရွာလေးက တစ်ရွာလုံးနီးပါး လောင်ကျွမ်းခဲ့တာကြောင့် ပျက်စီး ဆုံးရှုံးမှုတွေလည်း များပြားခဲ့သလို ဒေသခံတွေလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ် ။ အဆိုးဆုံးကတော့ သက်ကြီးရွယ်အိုတွေပါ မီးထဲပါပြီး သေဆုံးခဲ့ရတာပါပဲ ။ ဒီလို မီးဒဏ်ခံရလို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဒီနေ့မှာတော့ ဖြူဖြူထွေးက စားစရာနဲ့ စောင် အဝတ်အထည်များကို အယောက်စီတိုင်းဝေငှခဲ့တာကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါ ။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကို ဝေမျှပေး လိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ
တယ်နော်..။

Photo – Phyu Phyu Htwe