Source ; CeleGabar
ချစ်လှစွာသောပရိတ်သတ်ကြီးရေ ပရိတ်သတ်တွေအတွက် သီချင်းကောင်းများစွာသီဆိုခဲ့ပြီး အားလုံးကချစ်ကြတဲ့ diots ဂီတအဖွဲ့က ပင်တိုင်အဆိုတော် တစ်ဦးဖြစ် တဲ့ ကိုရေမွန်ဟာ မမျှော်လင့်ပဲရုတ်တရက်ယနေ့ ဇွန် (၂၃) ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုဝင်တစ်ဦး၏ လူမှုကွန်ရက်မှာရေးသားထားတာကို တွေ့ရပါတယ်..။
ငှက်ဖျားပိုးနဲ့ ကွယ်လွန်တယ်ဆိုပြီးတော ့လည်းသတင်းရရှိပြီ အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။ ရေမွန်ရဲ့ဂီတတီးဝိုင်း Idiots ဖေ့စ်ဘွတ်စာ မျက်နှာကလည်း အနက်ရောင်ပရိုဖိုင်းပြောင်းလဲထားပြီး အနှပညာအသိုင်းဝိုင်းမှလည်း ရေမွန်သေဆုံးသွားကြောင်းနဲ့ ကောင်းမွန်ရာဘုံဘဝရောက်စေဖို့ ဆုတောင်းပေးရင်း ဝမ်းနည်းနေကြတာကိုလည်းတွေ့ရပါတယ်..။
ပရိတ်သတ်တွေကို ဘယ်တော့မှမေ့မရတော့မယ့် သီချင်းတွေနဲ့ချန်ထားခဲ့တဲ့ ကိုတွတ်ပီလို့အများကခေါ်ကြတဲ့ အဆိုတော်ရေမွန်တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာနဲ့နားယူပါတော့။ နောက်ဘဝများရှိခဲ့ရင်လည်း အခုလိုပရိတ်သတ်အချစ်တွေခံယူနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်
ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; Celebrity Platforms