

လိုက်ပါတယ်နော်..။

unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးဟေကိုဟာဆိုရင်ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်လို့ ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိထားတာ ဖြစ်ပြီးအနုပညာလမ်းကြောင်းကို အောင်အောင်မြင်မြင်နဲ့လျှောက် လှမ်းလာခဲ့တာပဲဖြစ်ပါတယ်။ သူမဟာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေမှာ မိခင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် လူထုလှုပ်ရှားမှုမှာ မပါဝင်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်..။

လူထုလှုပ်ရှားမှုမှာပြည်သူလူထုနဲ့အတူ မပါဝင်တဲ့အတွက်ပရိတ်သတ်တွေရဲ့ အထင်လွဲဝေဖန်မှုတွေကို အပြင်းအထန်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးကို သူမကိုယ်တိုင်ပြူစုပေးနေရတာကို သိပြီးတဲ့နောက်ပိုင်းမှာတော့ ပရိတ်သတ်တွေနားလည်းပေးတာကိုလည်းတွေ့မြင်ခဲ့ရပါသေးတယ်..။

ဒီကနေ့မှာဆိုရင်တော့ မိုးဟေကိုရဲ့ချစ်လှစွာသောမိခင်ကြီးဟာ (၉၆) ပါးသောဝေဒနာနဲ ့ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ မိုးဟေကိုရဲ့မိခင်ကြီး ကွယ်လွန်သွား ကြောင်းကို ကိုဂျွန်လွင် (Star & Model International Agency) ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အသိပေးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ကိုဂျွန်လွင်က “ သိပ်ချစ်ရတဲ့သမီးမိုးဟေကိုရဲ့ အမေအခုပဲကြွေလွင့်သွားပါပြီ စိတ်ထိခိုက်ရပါတယ် အန်တီကောင်းရာသုဂတိလားပါစေ ” ဟုဆိုပြီး ရေးသားလာ တာပဲဖြစ်ပါတယ်။ ခုလိုသတင်းကြားရတဲ့အတွက် မိုးဟေနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ အန်တီကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိခံစား ၊ စံစားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး
လိုက်ပါတယ်နော်..။

Credit ; Celebrity Platforms