


Credit– YaungChi

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ပရိသတွေရဲ့ အချစ်တော်မလေး သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာ အမိုက်စား ကောက်ကြောင်းအလှတရားတွေနဲ့အတူ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာအလှတွေကို ပိုင်ဆိုင် သူလေးပါ။ သူမဟာ ထိပ်တန်းမင်းသမီးလေး တစ်လက်အဖြစ် ယနေ့ချိန်ထိ ရပ်တည် လျက်ရှိနေသူ တစ်ယောက် လည်း ဖြစ်ပါတယ်။ သင်ဇာဟာ အမြဲလိုလိုလည်း ဆက်ဆီပုံလေးတွေ ရိုက်ကူးကာ ပရိသတ်တွေကို အမြဲဝေမျှပေးလျက်ရှိနေတာပဲဖြစ်ပြီး အားလုံးကလည်း သူမရဲ့ ပုံရိပ်လေးတွေကို အမြဲစောင့်မျှော်အားပေးလျက် ရှိနေတာပဲ ဖြစ်ပါတယ်..။

လတ်တလော မြန်မာနိုင်ငံရေး အပြောင်းအလဲမှာတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နာလေးဟာလဲ ငြိမ်သက်နေတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒီနေ့ မှာတော့ သူ့ရဲ့ သူငယ်ချင်း အဆိုတော် ရေမွန် ဆုံးပါးသွားတာကြောင့် သူမရဲ့ လူမှုကွန်ယက် Profile လေးကို အနက်ရောင်ချိန်းကာ စိတ်မကောင်းစွာနဲ့ ရေးသားလာတာကို တွေ့ရပါတယ်။ သူမရဲ့ သူငယ်ချင်း အဆိုတော် ရေမွန်သေဆုံးမှုကို အခုလိုရေ းသားဖော်ပြလာတာ တွေ့ရပါတယ်..။

“ R.I.P ပါသူငယ်ချင်းလေးရယ် … တကယ်အရည်အချင်းရှိတဲ့အနုပညာရှင်စစ်စစ်ပါ … လူကောင်းတွေမှအစောကြီးခေါ်သွားရတယ်လို့ … ငါတို့ထပ်မတွေ့ရတော့ဘူးဆိုတာတွေးပြီး တကယ်စိတ်မကောင်းဘူး . . . ” ဟုဆိုပြီး ရေးသားလာတာကို သင့်ဇာရဲ့ ချစ်ပရိတ်သတ်တွေအတွက် ဖော်ပြပေး လိုက်ပါတယ်။ အဆိုတော် ရေမွန် ကောင်းရာသုဂတိလားပါစေကြောင်း သင်ဇာနဲ့အတူ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအား
လုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source – Thin Zar Wint Kyaw’s Facebook