


unicode

ချစ်လှစွာသော ပရိတ်သက်ကြီးရေ အဆိုတော် ရိမ်မိုး ဟာဆိုရင် အချစ် အလွမ်းသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တာကြောင့် ပရိတ်သက်တွေရဲ့ အားပေးမှု ကိုခိုင်ခိုင်မာမာ ရရှိထားတဲ့သူပဲဖြစ်ပါတယ်။အဆိုတော် ရိမ်မိုးဟာဆိုရင် ဂီတလောကနဲ့ပါတ်သတ်ပြီး မိတ်ဆွေများ အပေါင်းအသင်းများအားလုံး ကိုအပီးတိုင်နှုတ် ဆက်ကြောင်းကိုလဲ အခုလိုပဲပြောလာခဲ့တာကိုလဲတွေ့ရပါတယ်..။

ဘဝမှာ ကျတော် ဘယ်တော့မှ မစွန့်လွတ်ဘူး ဘယ်တော့မှ နောက်မဆုတ်ဘူးလို့ ဘဝနဲ့ရင်းလို့ ချော်လဲလို့ပြုတ်ကျလို့ ဒါဏ်ရာတွေအများကြီးနဲ့ရှိနေခဲ့ အချိန်များတောင် ကျတော်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ သို့ပေမယ့်လည်း ကနေ့ အခြေအနေ အချိန်ခါတစ်ခုမှာ စွန့်လွတ်လိုက်ရပါပီးအမှန်က ကျတော့ကိုချစ်သော ကျတော်ကချစ်သော အမျိုးများအတွက် (2021) ဒီနှစ်ထဲမှာ ကျတော့ရဲ့ကြီးကျယ်ခန်းနားတဲ့ One man show live တစ်ခုကို နုတ်ဆက်ပွဲနဲ့အတူကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်းခုတော့ မဖြစ်နိုင်တော့လို့ 24 ၊ 6 ၊ 2021 ဒီနေ့ ဒီရက် ဒီအချိန်ကနေပီး ကျတော် ရိန်မိုး သည် ဂီတလောကထဲကနေပီး လုံးဝအပီးအပိုင် နုတ်ဆက်လိုက်ပါကြောင်းကို ကျတော့ရဲ့ ချစ်တဲ့ ပရိတ်သတ်များ အမျိုးများ မိတ်ဆွေများ အပေါင်းသင်းများ အားလုံးကို အပီးတိုင် နုတ်ဆက်လိုက်ပါတယ်ခင်ဗျား🙏🙏🙏

ကျတော်သေသည့်တိုင်အောင် ဂီတက ကျတော့နှလုံးသားထဲမှာ “ ထာဝရသေဆုံးမသွားဘူး “ ထာဝရ ကျတော့အပေါ်သစ္စာရှိတဲ့ဂီတကို ကျတော် သစ္စာဖောက်လိုက်ပါပြီး ခွင့်လွတ်ပါ ကျတော်ချစ်သော ” ဂီတ ”❤️❤️❤️ ဟု ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း
သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit: စြယ္စံုသတင္းစံု