


unicode

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ဖေ့စ်ဘုတ်ဆယ်လီနေဆန်းကတော့ ..သူများနဲ့မတူတမူထူးခြားတဲ့ ..ဟာသလေးတွေတင်ဆက်ရင်း လူသိများလာခဲ့တဲ့သူတစ် ယောက်ပဲဖြစ်ပါတယ်။ လှပတဲ့မျက်နှာအမူအရာ အပြောအဆိုတွေကြောင့် လူအများရဲ့အားပေးမှုကို… ပိုင်ဆိုင်ထားသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ထို့ပြင် နေဆန်းကပရိသတ်တွေ အားပေးမှုကြောင့် ရရှိလာခဲ့တဲ့ ဝင်ငွေများဖြင့် သိန်းထောင်ချီ တန်သောအိမ်ကောင်းကောင်းမွန်မွန် ဆောက်လုပ်… နေထိုင်လာနိုင်လာ ခဲ့ပါတယ် နေဆန်းက လက်ရှိမှာတော့ သူဝါသနာပါတဲ့အလုပ်တွေ ကိုလုပ်ကိုင်ရင်း ပရိသတ်တွေရဲ့အားပေးမှုကိုရရှိကာ အောင်မြင်မှုတွေ ရရှိဆွတ်ခူးနေပြီပဲ ဖြစ်ပါတယ်..။

နေဆန်းကလည်းသူ့ရဲ့အလုပ်ကို အာဏာသိမ်းခံထားရချိန်တောင်မှ မနားပဲ ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေလျက်ရှိပါတယ်။ နေဆန်းဟာ အာဏာသိမ်းခံထားရ တာတောင်မှ ဂရုမစိုက်ပဲ အလုပ်တွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် ပြည်သူများရဲ့ အပြစ်တင် ဝေဖန်မှုကိုလဲ အပြင်းအထန် ခံနေရပါတယ် မကြာသေး မှီကပဲ နေဆန်းနှင့် ပတ်သတ်သည့် ကြော်ငြာများရိုက်ကူးထားသည့် လုပ်ငန်းရှင်များက ပရိတ်များတောင်းဆိုချက်အရ နေဆန်းနှင့် ရိုက်ကူးခဲ့သည့် ကြော်ငြာများ ပိုစတာများကို ဖျက်ခဲ့ပေးပြီးဖြစ်ကြောင် းတောင်းပန်စာ များရေးသားခဲ့ကြပါသည်။ နေဆန်းအပါအဝင် ဖြူဖြူထွေးဟာလည်း ယနေညတွင် ကြော်ငြာများဖြုတ်ချခံ ခဲ့ရပါတယ်။ နေဆန်းဟာ ယခုသူရဲ့ အကောင့် Mydays မှာ ပြည်သူများကိုကျေးဇူးကန်းသော စာသားများကို တင်ထားတာတွေ့ရပ်တယ် သူတင်ထားတဲ့ စာတွေကတော့ “ အော် ပျော်နေလိုက်ကြတာ ထိုင်းဘက်မှာငါငွေတွေ ဘယ်လိုငွေတွေ ဝင်နေလဲဆိုတာ သိသွားရင် ရူးသွားမယ်…ဒီလိုဝေဖန်မှုတွေ ကြောင့် အလုပ်လုပ်ဖို့ မပျင်းတော့ဘူးညဘက် ထိုင်းဘက်က အလုပ်လာအပ်တာ သိန်း 100 ကျော် ”

ထို့အပြင် နေဆန်းက မြန်မာတွေ အားမပေးလဲ ထိုင်းဘက်က ပရိသတ်များနဲ့ ထိုင်းရောက်မြန်မာ ပရိသတ်တွေ အခိုင်မာ ရှိကြောင်း သူတို့နဲ့ပဲ အလုပ်ဆက် လုပ်သွားမည် ဖြစ်ကြောင်းကို အောက်ပါအတိုင်း ဖော်ထုတ် ရေးသားခဲ့ပါတယ်။ သူရေးသားခဲ့တာကတော့ထိုင်းဘက်မှာ Video တင်ဖို့ သိန်းထောင်ချီတန် စာချုပ်များ ချုပ်လိုက်ပြီးထိုင်းသူဌေးမတွေ ရော သူ့အားပေးတဲ့ ထိုင်းက ပရိသတ်များကိုလဲ ကျေးဇူးတင်စကားပြောခဲ့ပါတယ် ဒါတင်မကသေးပဲ ဝေဖန်သူများ ဆွေ့ ဆွေ့ခုန်သွားအောင်သူ TikTok ဆော့ဖို့ရယ် Video ရိုက်ကူးဖို့အတွက်ေ နာက်ထက် သိန်း 4000 တန်ဖိုးရှိသောအလုပ် အိမ် အသစ်တလုံး ဆောက်နေကြောင်းကိုလဲ တစ်ခါထဲ ထုတ်ဖော်ရေးသားခဲ့တာပါနော် နေဆန်း အပေါ်အမြင်လေးကိုလည်း မျှဝေခဲ့ကြပါအုန်းနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီး
အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

crd