unicode
ချစ်လှစွာသောပရိတ်သတ်ကြီးရေ အနုပညာ အလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်နေခဲ့ပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးပါ ဝင်သရုပ်ဆောင်ခဲ့ တဲ့ မင်းသမီးခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိ ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရဟိတမင်း သမီးလို့ ပရိသတ်တွေကေ ခါ်ကြပြီး ပရဟိတအလုပ်တွေကို ကြိုးကြိုး စားစားလုပ်ကိုင်နေတဲ့ သူမကတော့ အလှူအတန်းတွေမှာလည်း ရက်ရက်ရော ရာပါဝင်လှူဒါန်းလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်..။
သူမကတော့ စားဝတ်နေရေးမပြေလည်တဲ့ မိသားစုတွေကိုလည်း တတ်နိုင် သလောက်လှူဒါန်းပေးလေ့ ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့်စွန့်ပစ်ခံထားရတဲ့ ကလေးငယ်လေးတွေကိုလည်း ခေါ်ယူမွေးစားလေ့ရှိတဲ့ မင်းသမီးကြီး ခိုင်နှင်းဝေကတော့ မိဘမဲ့ဂေဟာကို ကိုယ်တိုင်ဦးစီးနေသူတစ်ယောက်ဖြစ်ပြီး မိဘမဲ့ကလေးငယ်လေးတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။ သူမကတော့ ​ခြေထောက်တုလိုအပ်နေသူတွေကိုလည်း ခြေထောက် တုတွေလှူဒါန်းပေးလေ့ရှိပါတယ်။ သူမကတော့ ယခုမှာ မွေးစားထားတဲ့ ကလေးငယ်လေး တွေကျယ်ကျယ်ဝန်းဝန်းနဲ ့ဆော့ကစားနိုင်ဖို့အတွက် မိဘမဲ့ဂေဟာ အသစ်လေးတည်ဆောက်နေပြီး မကြာခင်ပြီး စီးတော့မှာမို့ ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်..။
အဆိုပါမိဘမဲ့ဂေဟာ အသစ်ကို ဆောက်လုပ်နေခဲ့တာ ယခုဆိုရင် 75% ပြီး စီးနေပြီပဲဖြစ်ပါတယ်။သရုပ်ဆောင်မင်းသမီးကြီး ခိုင်နှင်းဝေကတော့ ” 75% ပြီးစီးနေပြီ ဖြစ်တဲ့ ကလေးတို့ ဂေဟာ အသစ်လေး “ ဟုဆိုပြီး မိဘမဲ့ဂေဟာ အသစ်ဆီသွားရောက်ခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာ ထက်မှာ ရေးသားထား ခဲ့တာပဲဖြစ်ပါတယ်။ မိဘမဲ့ဂေဟာ အသစ်ဆောက်လုပ်နေတဲ့ နေရာဆီသွားကြည့်ခဲ့တဲ့ မင်းသမီး ခိုင်နှင်းဝေရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြပေး လိုက်ရ ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ
လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit: