unicode
ချစ်လှစွာသောပရိတ်သတ်ကြီးရေ အဆိုတေ်ာရေမွန်ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းလေးကမှ ငှက်ဖျားရောဂါနဲ့ဆုံးပါးပြီးနောက်ပိုင်းမှာတော့ မိသားစုများနဲ့ ပရိသတ်တွေကြားမှာ အရမ်းကိုဝမ်းနည်းစရာလေးတွေ ခံစားခဲ့ကြရပါတယ်။ ရေမွန်ရဲ့နောက်ဆုံးခရီးကိုလည်း ချစ်သူဖြစ်သူ ကေ ကလိုက်ပါပို့ဆောင်ခြင်းမရှိတဲ့ အပေါ်မှာလည်း သူမကတော့တိတ်ဆိတ်နေပြီး သူမရဲ့ မိခင်ဖြစ်သူကသာ ဖြေရှင်းလာခဲ့ပါတယ်..။
သူမ ကချစ်သူသေဆုံးထားပြီး ခံစားရလွန်းလို့ အဖျား ၁၀၂ ရှိနေလို့ပါဆိုပြီး ဖြေရှင်းလာတော့လည်း ပရိသတ်တွေက နားလည်ပေးခဲ့ကြပြန်ပါတယ်။ ဒီနေ့လေးမှာ ဖြစ်ခဲ့တဲ့ ကိစ္စလေးကတော့ သူမကို မိသားစုအပေါင်းအသင်းများအပါအဝင် ပရိသတ်များကပါ လက်မခံနိုင်တဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ ချစ်သူ ကေက ရေမွန်မသေဆုံးခင်မှာ Bar မှာသွားရင် သုံးဖို့ဆိုပြီး ဟော့ပေါ့ဖိုး ငွေသား ၃ သိန်းနဲ့ ဖုန်းကို လက်ဆောင်အနေနဲ့ ပေးထားခဲ့တယ်လို့ သိရပါတယ်။ ချစ်သူသေဆုံးပြီးလို့ ရက်တောင်မလည်သေးဘဲနဲ့ ရေမွန် မိခင်နဲ့ ညီမဖြစ်သူဆီကနေ အကြွေး ပြန်တောင်းတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်..။
ကေက ပိုက်ဆံပြန်တောင်းရတဲ့အကြောင်းရင်းကိုလည်း “ ကေ့ပိုက်ဆံလည်းမဟုတ်ပါဘူး အဲ့ ၃သိန်းကကလည်း မတောင်းမိပါဘူးတကယ့် လူရင်းတွေပါ ကေ့ ပေါ် အထင်လွဲ တာ သိရတော့ တကယ်စိတ်မကောင်းဘူးသိချင်ရင် လာမေးလို့ရပါတယ်… အသံဖိုင်လည်း ရှိပါတယ် ဖုန်းတောင်းတယ်ဆိုတာလည်း သူ့ညီမလေးဆီက ၁ရက်ပဲတောင်းတာပါ နှစ်ယောက် ဓါတ်ပုံနဲ့ video လေး တွေကူးချင်လို့ပါ.ရက်တောင်မလည်သေးဘူး ဒါမျိုးတွေ တောက်လျောက်ဖြစ်နေတဲ့ အတွက် တကယ်စိတ်မကောင်းပါဘူး
အခု ဒီကိစ္စမှာ အထင်လွဲသွားရင် အန်တီရော ညီမလေးရော band က သူတွေကော အကုန်လုံးကို ကေ အားနာပါတယ်… ” လို့ ဖြေရှင်းထားခဲ့ပေမဲ့ သူမက ပရိသတ်တွေကောမန့်မှာလည်း မေးလို့မရအောင် ကောမန့်ပိတ်ပြီး ဖြေရှင်းလာတာ ဖြစ်တဲ့အတွက် မကျေမနပ်တွေ ဖြစ်နေခဲ့ကြပြန်ပါတယ်။ ဒီနေ့မှာတော့ ချစ်သူရေမွန် ရက်လည်တဲ့နေ့ဖြစ်ပြီး သူမကထပ်မံပြီးတော့ “ အလကားနေ အလကားး blame ချင်နေသူတွေရဲ့ အမြင်မှာတော့ စောင်ကြွေးတောင်း တယ်ပေါ့ လေ… တကယ်က ကို့ကို့ကို သံသရာအကြွေး မပါစေချင်တာပါ .. ချစ်တယ်ကိုကို ” လို့ရေးသားပြီး profile lock ချသွားခဲ့ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်
သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit