


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ ခပ်ချောချော ကောင်လေးတစ်ယောက်ပါ။ LGBT ဖြစ်ကြောင်း ဝန်ခံထားပြီး သူ့ရဲ့ကောင်လေးတွေကိုလည်း ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးထားတာပဲဖြစ်ပါတယ်..။

နောက်ဆုံး လမ်းခွဲထားတာ ရှစ်လလောက်သာရှိသေးပြီး အခုချိန်မှာတော့ single ဘဝနဲ့သာ ပျော်ပျော်နေထိုင်နေတာပါ။ သူ့ကောင်လေးနဲ့တွဲစဉ်က မွေးထားတဲ့ခွေးလေးတွေကိုလည်း သူပဲ ဆက်ပြီး မွေးထားတာပါ။ ဘယ်လိုပဲ လမ်းခွဲထားတယ်ဆိုသော်ငြားလည်း ရည်းစားဟောင်းကို မေ့နိုင်တဲ့သူဆိုတာ ခပ်ရှားရှားပါပဲ..။

ဥက္ကာမင်းမောင်ကိုယ်တိုင်လည်း ပြတ်သွားပြီဖြစ်တဲ့ သူ့ရဲ့ကောင်လေးနဲ့ ရှစ်လအကြာမှာ ပထမဆုံးပြန်လည်တွေ့ဆုံခဲ့ပါပြီ။ ” ကျွန်​တော်တို့ ပြတ်ပြီး ၈ လ အကြာ ပထမဆုံးအကြိမ် ပြန်ဆုံ​တွေ့ခြင်း ခွင့်လွှတ်ခြင်း ကို ​ရှေ့တန်းတင်ပြီး အာဃာတ​တွေ ​ဒေါသ​တွေ စိတ်ထဲ က ဒါဏ်ရာ​တွေကို အကုန် ​မေ့လိုက်ပါပြီ… ပြန်လက်တွဲဖို့ကအနာဂါတ် မှာ ဘာပြန်ဖြစ်မလဲ ​သေချာမသိ​​ပေမယ့် ​လော​လောဆယ် ကျွန်​တော် တ​စ်ယောက်ထဲ လွတ်လပ်စွာ ​နေရတဲ့ single life ကို အရမ်း ​ကျေနပ်​နေတယ်.. ​နေ့တိုင်း ရန်ဖြစ်​နေမယ့်တူတူ ​တ​စ်ယောက်ထဲ​နေရတာ ​ကောင်းပါတယ်… ဘာပဲဖြစ်ဖြစ် သူကျွန်​တော့်ဘဝထဲ မှာ ရှိ​နေတဲ့ အတွက် ဝမ်းသာပါတယ်.. ​ခွေး​လေး​တွေနဲ့ သူတို့ daddy ကိုမ​တွေ့ရတာ ၈ လကြာပြီဆို​တော့ ​တွေ့ရင် ဘယ်လို ဖြစ်လဲ ဆိုတာ မှတ်တမ်း ​လေးရိုက်ထား တာ ​ခွေး​တွေဆိုတာလဲသခင်အ​ပေါ် အရမ်းချစ်တတ်တယ်​လေ.. အားလုံးလဲ အ​ပျော်​လေးကို မြင်ရ​အောင် မျှ​ဝေ​ပေးလိုက်ပါတယ်.. ” ဟုရေးသားထားတာ ကြောင့် မျှဝေပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်
ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit