


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ ဝရမ်းပြေးပုဒ်မတွေ ထုတ်ခံထားရသူများထဲတွင် အဆိုတော် ချမ်းချမ်းလည်း ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီက အနုပညာရှင် (၂၄) ဦးကို ပုဒ်မ ၅၀၅ (က) တွေ ဖြုတ်ပေးခဲ့သော်လည်း ချမ်းချမ်းတော့ မပါသေးပါဘူး။ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါတွေကြောင့် ချမ်းချမ် းဟာ မြန်မာနိုင်ငံကို ပြန်လို့မရသေးဘဲ အီတလီနိုင်ငံမှာပဲ နေထိုင်နေရတာပဲဖြစ်ပါတယ်..။

သူတို့နိုင်ငံမှာလည်း ကိုဗစ်ပိုးတွေ ကူးစက်နေတာကြောင့် lockdown ချခံထားရပြီး အိမ်ထဲမှာဘဲ အချိန်ဖြုန်းနေရတာပါ။အဆိုတော် ချမ်းချမ်းနဲ့ သူမရဲ့ ခင်ပွန်းကလည်း သမီးလေးကို အချိန်ပြည့် ပြုစုစောင့်ရှောက်ပေးနေကြတာပဲဖြစ်ပါတယ်။ အညောင်းပြေအညာပြေ ခြံထဲမှာ လမ်းဆင်းလျှောက်လေ့ ရှိပါတယ်..။

အဆိုတော် ချမ်းချမ်း ကလည်း နောက်ဖေးစိုက်ပျိုးခြံထဲသမီးလေးနဲ့ လမ်းလျှောက်ရင်းခင်ပွန်းရိုက်ပေးထားတဲ့ ဗီဒီယိုကိုပရိသတ်တွေ ကြည့်ဖို့မျှဝေပေးထားပါတယ်။ ” အီတလီမှာည ၈နာရီခွဲ နရောင်လေးရှိတုန်းပဲည ၁ဝနာရီအထိနေရောင်ရသေးတယ် 😌😌 သမီးလေးနဲ့ အိမ်နောက်ဖေး စိုက်ခင်းလေး ထဲ အမောပြေ ❤️❤️❤️❤️ ” လို့လည်း ရေးထားတာပဲဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်
ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit