ခ်စ္လွစြာေသာ ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္ အႏုပညာရွင္ အခ်ိဳ႕အတြက္ပုဒ္မ ၅၀၅ (က) ျဖင့္အမႈ႔ ဖြင့္ခံထားရတဲ့ အႏုပညာရွင္ အခ်ိဳ႕ကိုအမႈ ေတြကို ပိတ္သိမ္းေပးၿပီးေနာက္မွာေတာ့ အဖမ္းခံထားရတဲ့ ေမတိုးခိုင္လည္း လႊတ္ေျမာက္ လာၿပီးေနာက္ပိုင္းမွာေတာ့ အႏုပညာရွင္တခ်ိဳ႕ မၾကာခင္ထပ္မံ လြတ္ေျမာက္ ဖို႔ရွိတယ္လို႔ေရွ႕ေန အသိုင္း အဝိုင္းေျပာၾကားတယ္လို႔ သိရပါတယ္။ အဖမ္းခံထားရတဲ့ အႏုပညာရွင္လည္း အခ်ိဳ႕မၾကာခင္ ရက္သတၱပတ္ အတြင္း ထပ္မံ လြတ္ေျမာက္ဖို႔ ၾကားေနရတယ္လို႔လက္ရွိ ၅၀၅-(က) နဲ႔ အမႈရင္ဆိုင္ေနရသူေတြကိုလိုက္ပါ ကူညီေပးေနတဲ့ ေရွ႕ေနအသိုင္းအဝိုင္းကသိရပါတယ္..။

လတ္တေလာမွာ အႏုပညာရွင္ေတြ ခံဝန္ကတိေတြနဲ႔ လက္မွတ္ ထိုးေငြ ေပးရတယ္ ဆိုတဲ့ ျဖစ္ရပ္ ေတြက ေျမျပင္မွာ တကယ္ျဖစ္ေနတာမ်ိဳး မရွိဘူးလို႔ အႏုပညာရွင္ေတြရဲ့ အမႈေတြကိုလိုက္ပါကူညီေနတဲ့ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။ ကၽြန္ေတာ့္ရဲ့အမူ သည္ေတြ ျဖစ္တဲ့ ပိုင္တံခြန္၊ရဲတိုက္နဲ႔ တျခား အႏုပညာရွင္ေတြ ပါလာမယ္ၾကားထားလို႔ေမၽွာ္လင့္မိပါတယ္။ ဒါေပမယ့္ အႏုပညာရွင္ ႏွစ္ေယာက္ေလာက္ပဲပါတယ္။ ေနာက္လာမယ့္ အသုတ္ေတြမွာထပ္ပါလာမယ္လို႔ၾကားသိထားပါတယ္ ” လို႔ ဦးခင္ေမာင္ျမင့္က ဘီဘီစီကိုေျပာပါတယ္..။

ၿပီးခဲ့တဲ့ ဇြန္လ (၃ဝ) ရက္က နိုင္ငံတဝန္း တရားရင္ဆိုင္ ဆဲ အက်ဥ္းသား ၂ဝဝဝ ေလာက္ကိုျပန္လႊတ္ေပး ခဲ့တာ ရွိေပမယ့္ နိုင္ငံေက်ာ္ အႏုပညာရွင္အမ်ားစု ပါ မလာ ခဲ့ ပါဘူး ။ အက်ဥ္းသား ေတြ ျပန္လႊတ္ ေပးတဲ့ ေနရာ မွာ ပထမ အဆင့္ အေနနဲ႔ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပရာ မွာ ပါဝင္ၿပီး ပုဒ္မ ၅ဝ၅- (က) နဲ႔ တရားစြဲဆိုထား သူေတြကို လႊတ္ေပးတာ ျဖစ္ပါတယ္။ ဒုတိယ အဆင့္ အေနနဲ႔ နိုင္ငံေက်ာ္ အႏုပညာရွင္ေတြ ပါဝင္မွာျဖစ္ၿပီး ေနာက္ပိုင္းမွာဝန္ထမ္းပိုင္း ဆိုင္ရာေတြပါဝင္လာနိုင္တယ္လို႔ အက်ဥ္းဦးစီးဌာနဲ႔နီးစပ္သူေတြအသိုင္းအဝိုင္းက သိရပါတယ္..။

လက္ရွိအခ်ိန္မွာျမန္မာနိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းသ႐ုပ္ေဆာင္ အဆိုေတာ္နဲ႔အႏုပညာရွင္ (၅ဝ) ေက်ာ္ေလာက္ကို စစ္ေကာင္စီကပုဒ္မ၅ဝ၅ -(က) နဲ႔ဖမ္းဝရမ္းထုတ္ထားၿပီးမၾကာေသးခင္က အႏုပညာရွင္တခ်ိဳ႕ကို ဝရမ္း႐ုပ္ သိမ္းေပးခဲ့ပါတယ္ ။ လက္ရွိ အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီး ထိန္းသိမ္း ခံ ထားရ တဲ့ အႏုပညာရွင္ (၁ဝ) ေယာက္ ထက္ မနည္းရွိေနပါတယ္ ။ဖတ္ရႈ႔ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို ့ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

ချစ်လှစွာသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အနုပညာရှင် အချို့အတွက်ပုဒ်မ ၅၀၅ (က) ဖြင့်အမှု့ ဖွင့်ခံထားရတဲ့ အနုပညာရှင် အချို့ကိုအမှု တွေကို ပိတ်သိမ်းပေးပြီးနောက်မှာတော့ အဖမ်းခံထားရတဲ့ မေတိုးခိုင်လည်း လွှတ်မြောက် လာပြီးနောက်ပိုင်းမှာတော့ အနုပညာရှင်တချို့ မကြာခင်ထပ်မံ လွတ်မြောက် ဖို့ရှိတယ်လို့ရှေ့နေ အသိုင်း အဝိုင်းပြောကြားတယ်လို့ သိရပါတယ်။ အဖမ်းခံထားရတဲ့ အနုပညာရှင်လည်း အချို့မကြာခင် ရက်သတ္တပတ် အတွင်း ထပ်မံ လွတ်မြောက်ဖို့ ကြားနေရတယ်လို့လက်ရှိ ၅၀၅-(က) နဲ့ အမှုရင်ဆိုင်နေရသူတွေကိုလိုက်ပါ ကူညီပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းကသိရပါတယ်..။

လတ်တလောမှာ အနုပညာရှင်တွေ ခံဝန်ကတိတွေနဲ့ လက်မှတ် ထိုးငွေ ပေးရတယ် ဆိုတဲ့ ဖြစ်ရပ် တွေက မြေပြင်မှာ တကယ်ဖြစ်နေတာမျိုး မရှိဘူးလို့ အနုပညာရှင်တွေရဲ့ အမှုတွေကိုလိုက်ပါကူညီနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။ ကျွန်တော့်ရဲ့အမူ သည်တွေ ဖြစ်တဲ့ ပိုင်တံခွန်၊ရဲတိုက်နဲ့ တခြား အနုပညာရှင်တွေ ပါလာမယ်ကြားထားလို့မျှော်လင့်မိပါတယ်။ ဒါပေမယ့် အနုပညာရှင် နှစ်ယောက်လောက်ပဲပါတယ်။ နောက်လာမယ့် အသုတ်တွေမှာထပ်ပါလာမယ်လို့ကြားသိထားပါတယ် ” လို့ ဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်..။

ပြီးခဲ့တဲ့ ဇွန်လ (၃ဝ) ရက်က နိုင်ငံတဝန်း တရားရင်ဆိုင် ဆဲ အကျဉ်းသား ၂ဝဝဝ လောက်ကိုပြန်လွှတ်ပေး ခဲ့တာ ရှိပေမယ့် နိုင်ငံကျော် အနုပညာရှင်အများစု ပါ မလာ ခဲ့ ပါဘူး ။ အကျဉ်းသား တွေ ပြန်လွှတ် ပေးတဲ့ နေရာ မှာ ပထမ အဆင့် အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာ မှာ ပါဝင်ပြီး ပုဒ်မ ၅ဝ၅- (က) နဲ့ တရားစွဲဆိုထား သူတွေကို လွှတ်ပေးတာ ဖြစ်ပါတယ်။ ဒုတိယ အဆင့် အနေနဲ့ နိုင်ငံကျော် အနုပညာရှင်တွေ ပါဝင်မှာဖြစ်ပြီး နောက်ပိုင်းမှာဝန်ထမ်းပိုင်း ဆိုင်ရာတွေပါဝင်လာနိုင်တယ်လို့ အကျဉ်းဦးစီးဌာနဲ့နီးစပ်သူတွေအသိုင်းအဝိုင်းက သိရပါတယ်..။

လက်ရှိအချိန်မှာမြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းသရုပ်ဆောင် အဆိုတော်နဲ့အနုပညာရှင် (၅ဝ) ကျော်လောက်ကို စစ်ကောင်စီကပုဒ်မ၅ဝ၅ -(က) နဲ့ဖမ်းဝရမ်းထုတ်ထားပြီးမကြာသေးခင်က အနုပညာရှင်တချို့ကို ဝရမ်းရုပ် သိမ်းပေးခဲ့ပါတယ် ။ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး ထိန်းသိမ်း ခံ ထားရ တဲ့ အနုပညာရှင် (၁ဝ) ယောက် ထက် မနည်းရှိနေပါတယ် ။ဖတ်ရှု့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; Cele World