unicode
ချစ်လှစွာသောပရိတ်သတ်ကြီးရေ ပရိသတ်အချစ်တော် ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ ပိုးပေးတတ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ ဇာတ်ရံကောင်း တစ်ဦးလို့ဆိုရမှာပါ..။
အခုလို covid ကာလမှာ အိမ်မှာပဲ Stay Home နေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင်ရိုက်ကူးရေးတွေ ရပ်နားထားကြရတာပါ။ ပထမ Stay Home ကာလမှာ ကော ဒုတိယ Stay Home မှာကော နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online စျေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး အရမ်းကို ရောင်းကောင်းပြီး ရက် လွတ်တွေ မရှိအောင် မအားမလပ်နဲ့ဖြစ်နေခဲ့တာပါ။ အခု တတိယလှိုင်းမှာတော့ အ ရောင်းပိုစ့် တွေ ကို ရံဖန်ရံခါ လောက်သာ တင်လေ့ ရှိပေမယ့်လည်း တင်သမျှက တော့ ရောင်းကောင်းနေတာပဲဖြစ်ပါတယ်..။
ယခုဖော်ပြချင်တာက တော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာ အရွန်းဖောက် နောက်ပြောင်တဲ့ ပိုစ့်လေးတစ်ခု ကြောင့် သူ့ပရိသတ်တွေ comment မှာ တဝုန်းဝုန်းဖြစ်နေတာလေးကို ပရိသတ်ကြီးသိအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သူမ ရေးထားတာလေးက တော့ ” ဪ ဘာလိုလိုနဲ့ အာဏာသိမ်း တာ (5) လရှိပြီဆိုတော့ ငါ့ကိုယ်ဝန်က (4) လကျော်ပေါ့….တောက် ဒင်းကြောင့် ” ဟုဆိုပြီး နောက်ပြောင်ရေးသားခဲ့ တာဖြစ်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်
သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
crd